"ဟေ့Sunghoon, Sunghoon"
အလောတကြီး ရှုပ်ပြာ ရှုပ်ပြာမလေးဖြစ်တဲ့Minjuကတော့အပျော်လွန်းကြီးစွာ Sunghoon ဆီပြေးလာတော့Sunghoonတစ်ယောက်သဲအိတ်ပေါ်ပုံချထားတဲ့ဒေါသကိုချပြီးသူဆီပြေးလာတဲ့ ကောင်မလေးသူငယ်ချင်းနှစ်ယောက်ဘက်ကိုလှည့်ကြည့်လေသည်။
"ရှုပ်ပြာမနှစ်ကောင် ဖြည်းဖြည်းလာပါဟချောလဲနေမယ်။"
Minju ကအရင်ရောက်တော့Sunghoonအားအားရဝမ်းသာမောနေရင်းပြောရှာသည်။
"ဟဲ့ဟဲ့ငါတို့အောင်တယ်။"
"အဆုံးမရှိအစမရှိဘာအောင်တာလည်း"
Sohyun ကရောက်လာကာသူမလည်းသက်ပြင်းချပြီးအမောဖြေလေသည်။Minjuကတော့ဆက်ပြီးမောနေတဲ့အသံဖြင့်
"ဒီနှစ်လေ။ငါတို့နှစ်ယောက် scholarship passဟ"
Sunghoon တစ်ယောက်မျက်မှောင်ကြုတ်လေသည်။Sohyun ကSunghoonကလက်မောင်းကိုရိုက်ချကာ
"အိမ်မက် မဟုတ်ဘူး။ငါတော့ဝမ်းသာတယ်မင်းတို့နှစ်ယောက်scholarship ရတဲ့ result မြင်ရတာ"
Sunghoon ကမယုံသင်္ကာဖြစ်လေသည်။Sohyun ကTom boy style ဖြစ်တာကြောင့်ပြောရဲဆိုရဲတည်း။
"အော်မင်းကမယုံဖူးပေါ့ Gym ကနေထွက်ရင်ဖုန်းကိုထုတ်ကြည့်လိုက်။"
Minju ဆိုတဲ့ရှုပ်ပြာမသူငယ်ချင်းကတော့အားရပါးရကိုပျော်လေသည်။Sunghoonကခေါင်းညိတ်လေသည်။Gymကနေထွက်ပြီး Gymသမားများနားနေခန်းက,သူလွယ်အိတ်ထုတ်ပြီးMinji, Sohyunတို့နှင့်အတူ လမ်းလျှောက်ပြန်လေသည်။
Minju ကတော့ပျော်ပျော်နေတတ်သူပြီပြီသူအောင်တော့လမ်းတစ်လျောက်ခုန်လိုက်ကလိုက်နှင့်ပျော်လေသည်။Sunghoonလည်းဖုန်းဖွင့်ပြီးသူဆီMailရောက်နေတာဖတ်ပြီးအတည်ဖြစ်နေတော့ ဝမ်းသာပြီးပြုံးမိလေသည်။ပြုံးနေတာကလည်း Vampireတစ်ကောင်လိုအစွယ်ရှိတဲ့သွားတွေကထင်းစွာမြင်ရသည်။
Sohyunက Sunghoonအား
"ငယ်သူငယ်ချင်းဖြစ်တဲ့အတွက်ငါမင်းစိတ်နားလည်တယ်။Sunghoon, Minju နှင့်မင်းအခုလိုပျော်နေရင်ငါ ပျော်
တယ်။"
"ကျေးဇူးပါ။ငါလည်းမင်းရွေးခံရတော့ပျော်ပါတယ်။တခြားနိုင်ငံမှာကောင်းစွာပြိုင်ခဲ့လေ။ငါတို့နှစ်ယောက်ကိုမက်ဆေ့ခ်ျပို့အုန်းလေ။"
YOU ARE READING
O͏U͏R͏ W͏A͏Y͏ B͏A͏C͏K͏ H͏O͏M͏E͏
Romance(Unicode+ Zawgyi) Read as just a fanfiction.In this stroy please see as fictional characters.It is not intended to harm anyone including image too...All characters are just fictional characters and only related to this fanfiction. START -23.7.2024...
Part-(1)
Start from the beginning
