Part 6

204 13 2
                                        

အဝါရောင် ခပ်မှိုင်းမှိုင်း မီးရောင်များ ထွန်းထားသော တိတ်ဆိတ်ငြိမ်သက်နေသည့် စားသောက်ဆိုင်တစ်ခု... ဝင်လိုက်သည်နှင့် ဝန်ထမ်းလေးများက နှုတ်ဆက်ကာ Reserve လုပ်ထားသည့် စားပွဲဆီသို့ ဦးဆောင်ခေါ်လာပေးသည်..

"ရောက်ပြီလား သွေး"

"အင်း"

သွေး မဖြေချင် ဖြေချင်နှင့် ဖြေကာ ဝင်ထိုင်လိုက်
သည်.. သွေး မမြင်ချင်သည့် သူတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ထိုင်နေရသည့် ခံစားချက်က
မနှစ်မြို့စရာ ကောင်းလှသည်..
သွေး ရဲ့ တစ်ဦးတည်းသော အစ်မ လမင်းအိမ်ကတော့ ညီမကို အရမ်းချစ်သူပီပီ ခလေးဆန်စွာ ချစ်ဖို့ကောင်းနေသည့် သွေးကို ပြုံး၍သာ ကြည့်နေသည်..

"သွေး မတွေ့ရတာကြာပြီနော်..ဒီနေ့အရမ်းလှနေတယ်.. နေရတာကော အဆင်ပြေရဲ့လား"

တစ်ဖက်က ပြောလာသည့် နှုတ်ဆက်စကား..
သွေး သူမ၏ မျက်ဝန်းကို သေချာစိုက်ကြည့်ကာ အဖြေတစ်ခုကို ရှာနေမိသည်.. ပြုံးနေပါသည်..
သွေးသစ် မုန်းတီးရပါတယ် ဆိုသည့် သူမက ပြုံးပြနေသည်.. အပြုံးတုတစ်ခု.. စစ်မှန်မှုမရှိပဲ
ဟန်ဆောင်ထားသည့် အပြုံးတုတစ်ခုရယ်ပါ..
သိပ်လှပါတယ်ဆိုသည့် သူမရဲ့ အလှတွေနှင့် လမင်းကို ဖမ်းစားသွားခဲ့တာ... လမင်းအိမ် ရုန်းထွက်မရ
အောင် နှစ်နေသည့် နွံတစ်ခုပေါ့..
သူမက ညို့မှိုင်းနွယ်.. သွေးသစ် မုန်းတီးရသည့် လူသားတစ်ဦး.. ဘယ်ဘဝက ရေစက်ဆိုးတွေကြောင့် နွယ် နှင့် သူမ ဒီလို လာဆုံရတာလဲ..
နွယ်ဟာ သွေးသစ်ဘဝရဲ့ အချစ်ရဆုံး လူသား တစ်ဦးကို လုယူခဲ့ဖူးသလို ယခုပင်လျှင် သွေးသစ်၏
အစ်မရင်း လမင်းအိမ်ကိုပါ ဆွဲဆောင်ထားသည့်သူပါလေ...
သွေးသစ်အနေဖြင့် ဘယ်လိုမှ အကောင်းမြင်လို့
မရပါပဲ မုန်းတီးနေသည့် လူသားပေါ့...

You've reached the end of published parts.

⏰ Last updated: Jul 16, 2024 ⏰

Add this story to your Library to get notified about new parts!

တစ်ဖက်သတ်Where stories live. Discover now