Part - 2 [Uni&Zaw]

Beginne am Anfang
                                        

စွဲမက် မြန်မာနိုင်ငံပြန်ရောက်တာမကြာသေးပါ။အတိအကျပြောရလျှင် သူဝါသနာပါသည့်အနုပညာအလုပ်ကို ထဲထဲဝင်ဝင်လုပ်နိုင်အောင် မြန်မာနိုင်ငံပြန်လာခဲ့ခြင်းပါ။ဟိုမှာနေတုန်းကတော့ တစ်ခါတစ်လေ Photo Shootingလေးရိုက်လိုက်၊Cover song လေးဆိုလိုက်၊Vlogeလေးရိုက်လိုက်နဲ့ တိုတိုထွာထွာလေးတွေသာလုပ်ဖြစ်သည်။စွဲမက်ရဲ့ ဝမ်းကွဲအကိုက S Entertainmentရဲ့ CEO ဖြစ်နေသည့် ကံကောင်းမှု့ကြောင့် အကို စွဲမက်ကို Series တစ်ခု ကမ်းလှမ်းလာခဲ့သည်။အခွင့်အရေးကို စောင့်နေတဲ့ စွဲမက်အတွက်တော့ ဤအရာက အကောင်းဆုံးထောက်တိုင်တစ်ခုပင်။

"စွဲမက် ဇာတ်​ညွန်း​တွေရပြီလား....မနက်​ဖြန်​ရိုက်​ကူး​ရေးစပြီ​နော်​အ​ကောင်းဆုံးလုပ်​"

စွဲမက် ဇာတ်ညွှန်းဖတ်နေတုန်း စီနီယာအမကြောင့် ဇာတ်ညွှန်းဖတ်တာကို ခဏရပ်လိုက်၏။

"ဟုတ်​ကဲ့မမေရီ...စွဲမက်အကောင်းဆုံးကြိုးစားမှာ"

​အောင်​မြင်​တဲ့အနုပညာရှင်တစ်ယောက်ဖြစ်​လာဖို့ဆိုတာ ဒီကလေးဂဲ့အဓိကအိမ်​မက်​ဆိုတာ မေရီသိသည်။လူတိုင်းရဲ့​လှောင်​ရယ်​မှု့ကဲ့ရဲ့မှု့​နဲ့တိုက်ခိုက်မှု့တွေကြားက​နေသူမလေး အားတက်သရောကြိုးစားခဲ့သည်​။ယခုသူမဘဝလေးကိုတစ်​ဆစ်​ချိုး​ပြောင်းလဲ​ပေးမဲ့အရာ​ရောက်​ရှိလာပြီဖြစ်သည်။အသိုင်းအဝိုင်းကြီးထဲကဆင်းသက်လာသည့်တိုင် အရာအားလုံးဖြစ်ခွင့်မရှိသည့်သူမဘဝလေးကိုမေရီ ဂရုဏာသက်မိသည်။ထို့ကြောင့် ညီမလေးငယ်လေးလို ဂရုတစိုက်သင်ကြားပေးချင်မိသည်။

"အော်.....စွဲမက်"

"ဟုတ်ကဲ့....မမေရီ"

"အမ စွဲမက်ကို​ပြောစရာရှိတယ်​"

"ဟုတ်​"

မနက်ဖြန်မှာရိုက်ကူးရေးစတော့မှာမို့ စီနီယာ​တစ်ယောက်အနေနဲ့ မေရီ သူမလေးကိုသိသင့်​တာ​တွေပြောပြဖို့အတွက်​စကားစမိသည်​။စွဲမက်က လူငယ်ပီပီ တစ်ချို့နေရာလေးတွေမှာလိုအပ်ချက်ရှိနေသည်။အထူးသဖြင့် နှစ်ရှည်လများ အသားသေနေသည့် သူမလေးရဲ့နေထိုင်၊ပြောဆိုမှု့များက အနည်းငယ်အဖုအထစ်ရှိမည်ကို မေရီစိုးရိမ်မိသည်။

Make You Mine [Complete]Wo Geschichten leben. Entdecke jetzt