Part - 2 [Uni&Zaw]

Start from the beginning
                                        

အောင်မြင်ထည်ဝါ ဆို​သည့်ကောင်​လေးကသူ့အနုပညာအလုပ်တွေ၊အက၊အဆို အားလုံးမှာပါရမီပါလွန်းပြီး သူ့ပရိတ်သတ်တွေအတွက်သာ အသက်ရှင်နေသူလို့ ထင်ရလောက်သည်အထိ ကြိုးစားလွန်းသည့်လူငယ်တစ်ယောက်ဆိုလည်း မမှားပေ။

သို့သော် ယခု အောင်မြင်မှု့ရဲ့နောက်ထပ်ခြေတစ်လှမ်းဖြစ်တဲ့ အနုပညာလောကထဲခြေစုံပစ်ဝင်ဖို့အတွက် သူကြိုးစားရပေတော့မည်။

_____________________

စွဲမက်ဖွယ်။
နာမည်နှင့်လိုက်အောင် အလှတရားများက စွဲမက်ဖွယ်ဖြစ်၏။ဖြူနုသည့်အသား‌အရေနဗင့်အချိုးကျသည့်ခန္ဓာကိုယ်က လိုက်ဖက်တင့်တယ်စွာတည်ရှိနေ၏။မဝိုင်းမချွန်သည့်မျက်နှာလေးက ကျောလယ်အထိရှည်သည့် ခဲခရမ်းရောင်လှိုင်းတွန့်ဆံနွယ်လေးတွေကြောင့် မျက်နှာလေးကို နုပြီးလင်းစေသည်။မျက်ခုံးနက်တန်းလေးအောက်က ကြည်တောက်တောက်မျက်လုံးဝိုင်းလေးတို့က ရှည်လျားသည့်မျက်တောင်လေးတွေကြောင့် အဆင့်အတန်းမြင့်သည့်အလှတရားမျိုးဖြင့် တောက်ပနေသည်။ဆင်းသွယ်သည့်နှာတံလေးနှင့် ဆေးကူထားသည့် နီထွေးထွေးနူတ်ခမ်းလေးက စွဲမက်‌ဖွယ်ကောင်းသည့် နောက်ထပ် အချက်တစ်ချက်ပင်။

မိသားစု။
မိသားစုဆိုတာက စွဲမက်ဖွယ်အတွက်​တော့ရက်​စက်​တဲ့အသိုင်းအဝိုင်းတစ်​ခုအပြင်မပိုခဲ့ပင်။​နွေး​ထွေး​သောမိဘ​မေတ္တာဆိုတာ စွဲမက်ဘာမှန်းမသိခဲ့ရ။လူမှန်းသိတတ်​စအရွယ်​ထဲကအဖိုး​နေ​သော Korean ကိုသွား​နေခဲ့ရသည်​။ရင်းနှီးမှု့မရှိ​သောပတ်​ဝန်းကျင်​မှာ​နေခဲ့ရသည့်အတွက် အချိန်​တိုင်းကိုပင်​ပင်​ပန်းပန်းခက်​ခက်​ခဲခဲရင်​ဆိုင်​ဖြတ်​သန်းခဲ့ရသည်​။

စွဲမက်မှာသူငယ်​ချင်းဆိုတာမရှိသလို၊အချစ်​ဆိုတာလဲမရှိ​လောက်​အောင်​နှလုံးးသားက​အေးခဲ​နေခဲ့သည်။က​လေးဘဝထဲက အမြဲတမ်းဘယ်​သူနဲ့မှရင်းရင်းနှီးမ​နေ။ဘယ်​သူနဲ့မှလဲမပတ်​သတ်​။ပတ်​သတ်​လာသူများကိုလဲပြန်​လည်​ပြီးခင်​မင်​ရင်းနှီးတာမရှိ။ဒါ​ကြောင့်​လည်း မာနကြီးသည့်မိန်းကလေးတစ်ယောက် ဆိုတဲ့ဂုဏ်​ပုဒ်​လေးကတိုးခဲ့လေသည်။

Make You Mine [Complete]Where stories live. Discover now