Part - 2 [Uni&Zaw]

Start from the beginning
                                        

"ငါကလည်းမလုပ်ဘူးပြောနေတာမှမဟုတ်တာ....၊ငါနဲ့တွဲမဲ့သူက အဲ့ဂျစ်တူမလေးဖြစ်နေလို့"

လွန်ခဲ့တဲ့တစ်ပတ်က Series တွဲတစ်ခုရဲ့MCနေရာအတွက် S Entertainment က ထည်ဝါ့ကိုလာကမ်းလှမ်းသွားခဲ့သည်။ဇာတ်လမ်းအသွားအလာနဲ့ဇာတ်အိမ်လေးက မဆိုးလှတာမို့ ထည်ဝါလက်ခံဖို့တွေးမိလိုက်သေးသည်။သို့သော် FL က စွဲမက်ဖွယ်ဖြစ်နေခဲ့သည်။ထိုကလေးမကို ထည်ဝါသိသည်။အသိုင်အဝိုင်းကြီးထဲက တစ်ဦးတည်းသောသမီးဖြစ်ပြီး အခုမှ အသက် 19‌သာသာလေးသာရှိသေးသည်။သို့သော် ထိုကလေးမရဲ့စန်းနဲ့လွှမ်းမိုးမှု့ကကြောက်စရာကောင်းလောက်အောင်ပြင်းထန်၏။အနုပညာ သွေးပါသလိုပါရမီရှိတယ်လို့လည်းပြောလို့ရသည်။အကယ်၍ ထည်ဝါသာ ဤseries ကိုလက်ခံလိုက်ပါက နှစ်ယောက်စလုံး၏ ပွဲဦးထွက်ခြေလှမ်းဖြစ်သွားမှာပင်။

"မင်းကိုနှိမ်​ခဲ့တဲ့သူ​တွေကိုမင်းအနိုင်​ယူချင်​တယ်​ဆို မင်းအခုထပ်ပိုပြီး​အောင်​မြင်​အောင်​လုပ်​သင့်​တယ်​၊မင်းဒီအလုပ်​ကိုလက်​ခံသင့်​တယ်​၊အခုအလုပ်​ကမင်းဘဝအတွက်​အနာဂတ်​တံခါးတစ်​ချပ်​ထပ်ဖြစ်​လာနိုင်တယ်​...မင်းကပါရမီရှိပြီးသားပါ"

ထည်ဝါအနည်းငယ်​တွေ​ဝေသွားမိသည်​။ထည်ဝါသည် လောဘကြီးသည့်လူငယ်ထဲပါသည်။အထူးသဖြင့် အောင်မြင်ကျော်ဇောမှူ့တဲ့ပတ်သတ်လာလျှင် လိုအင်ဆန္ဒပြင်းပြစွာရှိသည်။တစ်ဆင့်ထက်တစ်ဆင့်မြှင့်ချင်သည်။မိဘများက ဆွေကြီးမျိုးကြီးဖြစ်တာမို့ တစ်ဘဝလုံးစာမပူမပင်နေနိုင်သည့်တိုင် ထည်ဝါ့အတွက်နာမည်နဲ့လိုက်ဖက်အောင် အောင်မြင်မှု့ပေါင်းများစွာလိုအပ်သည်။

"ငါလုပ်​မယ်​..."

"ဟား...ဟား...ဒါမှငါ့သူငယ်​ချင်း အောင်မြင်ထည်ဝါကွ"

အောင်မြင်ထည်ဝါဆို​တာ ဘက်​စုံပြီးပြည့်​စုံကာမြန်မာနိုင်ငံ၏​ဆယ်​ကျော်​သက်​မိန်းက​လေးများရဲ့နှင်းဆီခိုင်တစ်ယောက်။အမြဲတမ်း သူပြိုင်​ပွဲဝင်​ခဲ့သည့်​ စကိတ်​ပြိုင်​ပွဲ၊ဆိုင်​ကယ်​ပြိုင်​ပွဲများတွင်​သူသာလျှင်​အမြဲတမ်းချန်​ပီယံဖြစ်ခဲ့သည်။
ထိုအတူပဲ မာနကြီးသည့်ဆိုသည့်ဂုဏ်​ပုဒ်​ကိုပါထပ်တိုး ရထားသေးသည်။တကယ်တမ်းက မာနကြီးသည်ဆိုတာထက်​ သူ့ဘာသာ​နေတတ်​သလို​နေခြင်းဆို ပိုမှန်မည်။

Make You Mine [Complete]Where stories live. Discover now