💢18💢

159 13 3
                                        

💢Unicode💢

"ဟိုကျရင်လေ ကျွန်တော်နဲ့Win ကိုတစ်အိမ်ပေးပါနော် ဂျာကြီး!နော်!ကျွန်တော်က သီးသန့်ပဲနေတတ်လို့ပါနော်!"

"စီစဥ်ထားတာ သုံးအိမ်တည်းပါဆိုနေ!မင်းတို့သရုပ်ဆောင်အဖွဲ့ကတင် ၁၅ယောက်!အ့မှာတင်နှစ်အိမ်!တစ်အိမ်က ရှုတင်ကမိန်းကလေးတွေအတွက် သီးသန့်ပေးရဦးမယ်!ငါတို့စက်တင်အဖွဲ့သားတွေတောင် ဘေးမှာရွက်ဖျင်တဲနဲ့ ဖြစ်သလိုနေရမှာကွ!မင်း တအားတော့ တစ်ကိုယ်ကောင်းမဆန်ပါနဲ့ဟ!ရှူတင်စရိတ်များရင် မင်းပထွေးက ငါ့ကိုနားပူမှာ!"

"တစ်အိမ်လောက် ထပ်ကြံပေးပါဗျာ ဂျာကြီးကလဲ!ဂျာကြီး ကြံတတ်ဖန်တတ်ပါတယ်!ရှုတင်ပြီးရင် တစ်ဝိုင်းဗျာ!ကျွန်တော် နှစ်ပုလင်းလောက်မခဲ့မယ်လေ!တောင်ပေါ်မှာ အေးတယ်နော.."

ရှုတင်မန်နေဂျာကြီးလက်ထဲသို့ လေးဘက်ပြားပုလေးတစ်ပုလင်း မသိမသာထိုးထည့်ရင်း Bright ရသလောက် ဂျီတိုက်နေသည်။

လက်ထဲရောက်လာတဲ့ ပုလင်းကြောင့် ဂျာကြီးပျာယာခတ်သွားပြီး ဘေးဘီဝဲယာ မလုံသလိုလှမ်းကြည့်လိုက်သည်။

"ဟေ့ကောင်!ဟေ့ကောင်! ဒါရိုက်တာကြီး မြင်မယ်ကွ!မင်းလုပ်တာနဲ့ ရှုတင်မှာသောက်တယ်ထင်ပြီး ငါအဖြုတ်ခံရတော့မှာပဲ!!"

"ခါတိုင်းလဲ ခွက်ပုန်းကစ်နေကြ!မသိတာကျလို့! ဒါ စျေးကြီးတယ်နော်!"

ဂျာကြီးမှာ မယူချင်သလိုငြင်းနေရပေမဲ့ ပြန်ပေးလိုက်ဖို့ရာ လက်ကမလွှတ်ချင်ချင်..

"မင်း!တော်တော် ခက်တဲ့ကောင်!"

အပေါ်ထပ်အတွင်းအိတ်ထဲ ပုလင်းကိုထိုးထည့်ရင်း ညီးညူသွားတဲ့ ဂျာကြီးကြောင့် Brightရီမောရင်း လှမ်းအော်ဖြစ်အောင် အော်လိုက်သေးသည်။

"ဂျာကြီး!အားကိုးတယ်နော်!!!!!"
.
.
.
BrightWinရဲ့ ခုရိုက်နေတဲ့ ဇာတ်အိမ်ကရိုးရိုးလေးပါပဲ။ဇာတ်ကားတစ်ဝက်က ကျောင်းသားဇာတ်လမ်းမို့ ဘန်ကောက်မှာတင် ပြီးသည်။ကျန်တစ်ဝက်ကတော့ ဂျစ်ကန်ကန် Brightနဲ့လမ်းခွဲပြီး သူ့ဇာတိတောင်ပေါ်ရွာလေးကို ပြန်သွားတဲ့ Win နောက်ကို လိုက်လာကာ ကျောင်းတက်ဖို့ပြန်ခေါ်ရမှာပါ။
မြို့သားငဆိုးလေး Brightရဲ့ Winတို့ရွာမှာ ဒုက္ခရောက်မဲ့အလွဲဟာသလေးတွေနဲ့ ဆင်းရဲဒုက္ခတွေကို သနားပြီး Winပြန်လက်ခံရင် ပျော်ပျော်ပါးပါးဇာတ်သိမ်းခန်း ရောက်ပါပြီ။

EX(on going)Tahanan ng mga kuwento. Tumuklas ngayon