Ep 11.story

267 10 2
                                    

~ ဒေါက် ဒေါက် ဒေါက် ~

"ဝင်ခဲ့"

"ဦးဆက် .."

"အင်းး "

"ဟို..  ဟိုလေ... "

"အင်း.. နားထောင်နေတယ် ဆက်ပြော "

"ဟိုလေ... ဟို... သားး.."

" ဟေ့ကောင်.. စကားကို တစ်လုံးချင်းလာစီချနေတာလား ပြောစရာရှိတာပြော ငါသိပ်မအားဘူးကွ "

တကယ်ပင်လဲ မအားတဲ့လွှမ်းဆက်နိုင်တို့ လုပ်လက်စ စာရင်းတွေကြည့်ရင်း ရှိုင်းဆက်ပြောမည့်စကားတို့ကိုလဲ နားထောင်ပေးရသည်။ဒါကို ပြောမဲ့ကိုယ်တော်ချောက စကားထစ်အ ထစ်အနဲ့။ မျက်ခုံးအနည်းငယ်တွန့်ချိုးကာ ရှိုင်းဆက်ဘက်လှည့်ကာကြည့်ပီး ပြောတော့မှ အရှေ့က ချီးထုပ်လေးက မျက်နာစပ်ဖြဲဖြဲနဲ့စကားတို့ စတော့သည်။

" ဦးဆက်ရဲ့ မစ်ရှင် အောင်ရင် သားတောင်းတဲ့ဘယ်အရာမဆို လိုက်လျော ပေးမယ်လို့ ဦးဆက် ကတိပေးထားတယ်နော် "

"အဲ့တော့ ဘာဖစ်လို့လဲ"

"ဟီးဟီး ဘာမှဟုတ်ပါဘူး ဦးဆက် ကတိကိုမေ့မှာစိုးလို့ သတိပေးထားတာ "

လွှမ်းဆက်နိုင်တို့တော့ မျက်ခုံးခပ်လှုပ်လှုပ်ပင်။ မောင်မင်းကြီးသားက ဘာတွေတောင်းမလို့ ဒီလောက်စကားပုလ္လင်ခံနေလဲမသိ။

" အောင်မယ်..မင်းကများ ငါ့ကိုသတိပြန်ပေးရသေး၊ လူကြီးကတိ ဟေ့ကောင်၊ ဒါပေမဲ့ မယုံရင်တော့လဲ ခုကထဲက ကိစ္စရပ်လို့ရတယ်နော် အဟင်း. "

"ဟာ.. ​ဦးဆက်ကလဲ အဲ့လိုလုပ်လို့မရဘူးလေ "

"အဲ့တာဆို ဘာလို့ လာမေးတုန်းကွ "

"ဟီးဟီး ဘာမှဟုတ်ဘူးရယ်.. "

စပ်ဖြဲဖြဲရုပ်နှင့် ဖြီးပြနေသော ငမျောက်ကိုကြည့်ရင်း တကယ်ပင် မျက်ခုံးတွေလှုပ်နေပီ။ ပြောချင်ရာပြောပီးတာနဲ့ တန်းလှည့်ထွက်သွားသော မျောက်ကြောင့် မျက်ခုံးတစ်ဖက်ပင့်ကာ နားမလည်နိုင်သလို ကျန်ခဲ့ရသူမှာ လွှမ်းဆက်နိုင်သာ။ ပြီးသည်နှင့် အလုပ်ဆက်လုပ်မယ်ကြံကာ ရွယ်တော့ မျက်လုံးထဲမှာ ​ဖြူဖြူဖွေးဖွေးကောင်လေးက နေရာယူပြန်သည်။ ညနေက မြင်လိုက်ရတဲ့ ပုံစံလေးအတိုင်း လွှမ်းဆက်နိုင်မြင်ယောင်နေမိတာ။အသဲယားဖွယ် နှုတ်ခမ်းလေးတို့အား မထိရက်စရာနိုင်​အောင် လှလွန်းလေသည်။ မိုးပြာရောင်အကျီလေးဝတ်ထားသောကောင်လေးသည် ချစ်စရာကော်အရုပ်လေးလိုပင်။ထိုအရုပ်လေးကိုငါတစ်ယောက်ဘဲ ပြိုးထောင်ပေးမယ်၊ငါတစ်ယောက်ထဲပဲအပိုင်းသိမ်းမယ် ကောင်လေးး....

Last Light. ( un + Zawgyi )Where stories live. Discover now