Ep 6. story

292 22 1
                                    


ခပ်ကျဲကျဲ ခြေလှမ်းတို့ဖြင့် 3လွှာသို့ တက်လာသူမှာ တက်ကြွစွာ လက်ထဲတွင်လည်း KFCကြက်ကင်တစ်ချို့နှင့်အအေးခွက်တို့ကို ဆွဲကိုင်လျှက် မျက်နာကလဲ စပ်ဖြဲဖြဲ .. ။ဟုတ်သည်လေ မနက်က စလိုက်သည်မှာ တစ်စုံတစ်ယောက်ကတော့ မကျေမနပ်ဖြင့် ကောက်နေလေရဲ့။ စိတ်ကောက်နေသူမှာ မထူမပါးမျက်ခုံးလေးကိုလည်း တွန့်ချို့လျှက်သား။

"အဟမ်းးး"

".........!"

ချောင်းဟန့်ကာ လက်ထဲမှ မုန့်ထုပ်များကို မြှောက်ပြကာ ရီပြနေသူမှာ အမြင်ကပ်စရာ။ သို့ပေမဲ့ ကြက်ကင်အနံ့က သူ့ကို ဆွဲဆောင်နေသယောင်ပင် .. တံတွေးတချက်မြိုချက်လျှက် ။ ထို့နောက် အရေးမစိုက်သည့်ပုံစံဖြင့် အကြည့်တို့လွှဲကာ နေသည်မှာ ခပ်တည်တည်ပင် ..ကြက်ကင်အနံ့လေးကတော့အတော်မွှေးသကိုး ...

"အယ် .. ကြက်ကင်တွေဝယ်လာမိပါ့လား  အမ်းးးးးဘယ်သူများစားချင်လဲမသိပါဘူးးနော် "

".........! "

"တကယ်ကြီး မစားဘူးဆိုလဲ ငါပဲပြန်ယူသွားလိုက်ပါတော့မယ်လေ .... "

"နေ..နေအုန်းး ..."

"ကဲ ဘယ်လိုလဲ စားမှာလားခဗျာ "

"ငါ့ ... ငါ့အတွက်ဝယ်လာတာမလား  အတာ ငါ့ဟာပဲလေ .. ငါဟာငါ ငါစားမှာပေါ့ "

အစားဆိုတာနဲ့ စိတ်ကောက်နေသည်ကို ကြာကြာမတင်းနိုင် မခေါ်ချင့် ခေါ်ချင်ဖြင့် စကား ထစ်ငေါ့ထစ်ငေါ့နှင့် ပြောလာသူအား ကောင်းမင်းတည်  မရယ်ပဲမနေနိုင်တော့ ။ စပ်ဖြဲဖြဲဖြင့်ရီနေသော သူကြောင့် လင်းသက်တစ်ယောက် တွေ့ကရာနဲ့ ကောက်ပေါက်ပစ်ချင်စိတ်တို့မှာ တဖွားဖွား .. သို့ပေမဲ့  လုပ်လို့မဖြစ်သေး သူ့လက်ထဲမှာ ကြက်ကင်ပါသေးတယ်မဟုတ်လားး  စိတ်လျော့ထား စိတ်လျော့ထားစမ်း လင်းသက် ........

"မျက်နှာပိုးပြင်ထား .. ရီမနေနဲ့ ...ပေး ငါ့ကြက်ကင် "

"ဟုတ်ကဲ့ပါဗျာ ..ရော့ပါ အရှင်မင်းကြီး၏ အရသာရှိလှသောကြက်ကင်လေးသုံးဆောင်ပီး စိတ်ဖြေတော်မူပါ ဖျားးးးး"

"ဟွန်းးး ပီးတာပဲ"

ဟွန်းတခနဲ့ဖြင့် နှုတ်ခမ်းတချက်ကွေးပီး ကြက်ကင်ထုပ်အားဆွဲလုသွားတော့သည်။ သူသိသည်လေ လင်းသက်ဆိုသည့်ကောင်လေးက စိတ်စိုးတက်သလောက် အစားလဲမက်တက်သေး။တစ်ခါတစ်ခါ ခလေးတစ်ယောက်လိုဂျစ်တက်သေး။ ဖြူဖြူဥဥ ကောင်လေးသည်လဲ ထိုအမူယာလေးတို့ဖြင့်လဲလိုက်ဖက်ပါသေး။ အသဲယားစရာကောင်းလောက်အောင်ထိလဲ စိတ်စိုးတက်သေးသည်။စိတ်ကောက်ပီဆို လမ်းသွားတာကလဲ ဘောက်ဆပ်ဘောက်ဆပ် .. လူကောင်လေး သေးသလောက် စားလိုက်သည့်အစားစားတွေမှ များပေ့ ကြီးပေ့ဆိုသည်များသာ စားတက်သေး။ ဒီလောက်ထိစားတာတောင် ဝလာခြင်းမရှိသည့် ခန္ဓာကိုယ်လေးမှာ နတ်သူငယ်လေးများလို့တောင်ထင်ရက်စရာ ။

Last Light. ( un + Zawgyi )Where stories live. Discover now