အပိုင်း5[zawgyi and uni]

1.2K 26 2
                                    

အချစ်နှင့်လက်ထပ်ခြင်း💟[love and marry ]

အပိုင်း5 🌙

" ဝှား ....ကျွန်မ အိပ်ချင်လာပြီ "

မျက်လုံးလေးမှိတ် ကာ သမ်းပြလာတဲ့သူမ။

" မင်းပြောတော့..ဒီည အိပ်မပျော်လောက်ဘူးဆို "

စကားသံတွေ တိတ်ဆိတ်သွား ပြီး တေဇရှေ့က သူမကတော့ မျက်လုံးတွေ မှိတ်ကာ အိပ်ချင်ရောင် ဆောင်နေ၏။

တေဇ သူမ ကိုယ်လေး ကို ပွေ့ချီလိုက်ပြီး
ကုတင်ပေါ် တင်ပေး လိုက်သည်။ ဆောင်ကို ဆွဲခြုံပေးလိုက်ပြီး ဖြူစင်နုမွတ်နေ သည့် မျက်နှာသေးသေး လေး ကို ငေးကြည့်နေမိသည်။

လှပြီး တော်တဲ့ သူမက luna group ရဲ့ မိသားစု တွေ ထဲမှာလူလာဖြစ်ရခြင်း က တစ်ကယ့်ကို ဝဋ်ကြွေး တစ်ခုပဲ။

ကုတင်ပေါ်က ဆင်းကာ ကွန်ပျူတာ ကို ဖွင့်လိုက်တော့ အက်ရှာ ပို့ ထားတဲ့ Mail ဝင်လာသည်။

" သခင်လေး ...လန်ဒန်မှာ ဒေစီမြင့်မြတ် ရဲ့ ချစ်သူရှိနေတယ် ..လွန်ခဲ့တဲ့ ရက်က လန်ဒန်ကို သွားတာ က လဲ သူ့ချစ်သူဆီသွားတာ ဖြစ်လောက်တယ် ...သခင်လေး သူမ နှလုံးသားကိုခိုးယူဖို့ ကဖြစ်နိုင်ပါ့မလား ...
သခင်လေး မှာ ရွေးစရာ မရှိတာ ကျွန်တော်သိပါတယ် ...ဒါပင်မယ့် သူမ ဆီက အချစ်ကို ရဖို့ဆိုရင်တော့ သူမ နှလုံးသား ထဲမှာ ရှိနေတဲ့ သူကို အရင်ရှင်းထုတ်ပစ်မှ အဆင်ပြေလိမ့်မယ်။ "

ပြင်သစ်သွားတုန်းက ဒေစီမြင့်မြတ် ရဲ့ယုံကြည်မှုနဲ့ အချစ်ကို အရယူဖို့ အက်ရှာက အကြံပေးခဲ့သည်။
တေဇ က မိန်းကလေးတွေ နဲ့ ပတ်သတ်ရင်အတွေ့အကြုံမရှိပင်မယ့် မဖြစ်မနေလို့ လုပ်ရမည့်ကိစ္စဖို့ ရှောင်လွှဲလို့မရ။

တေဇ ကွန်ပျူတာကို ပိတ်ကာ ကုတင်ပေါ်မှာ အိပ်နေသည့်သူမကို မျက်လုံး ပင့်ကြည့်မိသည်။
သူမဆီကနေ တေဇ လိုချင်တာတွေ ရဖို့ ဆိုရင် ပထမဆုံး သူမရဲ့ အချစ်ကို သူရမှ ဖြစ်မည်။

သူမအချစ်ကို ရဖို့ တေဇ အတွက် အစကထဲက ခက်ခဲ နေတာ ခု ဒုတိယ လူပေါ်လာတော့ အခြေအနေတွေက ပိုပြီးတော့ တောင် ရှုပ်ထွေးကုန်ပြီ။ဟန်ဆောင်လက်ထက်တဲ့တစ်နှစ်တာ အတွင်းသူမ တေဇကို ချစ်လာရမယ်။

အချစ်နှင့် လက်ထပ်ခြင်း [love and marry ❣️]အချစ်နှင့် လက်ထပ်ခြင်း [love and marryOnde histórias criam vida. Descubra agora