မာန်ပြန်အလာကို ခွန်းကပြင်ဆင်ပြီးစောင့်နေလေသည်။ ဒါဇင်လိုက်ဝယ်ထားသည့် အရောင်နုနု T shirt လေးထဲက orange colour်နုနုလေးကိုရွေးဝတ်လိုက်သည်။ ပြီးနောက် short pant orange colour လေးကိုဝတ်လိုက်သည်။ lotion တွေကိုလည်းခေါင်းစခြေဆုံးလိမ်းကာ မိတ်ကပ်ပါပါးနှင့် lop gloss orange colour လေးကိုဆိုးထားသည်။ ပြီးနောက် ဦးထုပ်အဖြူဝိုင်းဝိုင်းလေးကိုဆောင်းလျှက် မှန်ရှေ့တွင်ကြည့်ရင်း....
"ငါ့ကိုဆိုအမြဲ ရောင်းချင်သလိုလို မရောင်းချင်သလိုလိုလုပ်တဲ့မိန်းမကြီး ဟွန်း ငါ့ကိုမြင်ရင်တောင်မှတ်မိမလား။ "
ခွန်းတွေးနေစဉ် အခန်းတံခါးဖွင့်သံကြောင့် လှည့်ကြည့်လာပြီး
"ကိုကို...ကိုကိုပြန်လာပြီ။ ခွန်းကိုလိုက်ပို့တော့ ဒီမှာကြည့်ဦးပြင်ဆင်ထားပြီးပြီ။"
ခွန်းက သူ့ခန္တာကိုယ်လေးကိုတစ်ပတ်လှည့်ပြလိုက်တော့ မာန်ကအဝတ်တွေချွတ်ရင်း ခွန်းကိုကြည့်လာသည်။
"ကိုကို ရေမြန်မြန်ချိုး။ ခွန်းမစောင့်နိုင်တော့ဘူး။ ၅ မိနစ်ပဲစောင့်မှာ။"
ခွန်းကထိုသို့ပြောပြီး ဖုန်းလေးထုတ်ကြည့်ကာအိပ်ယာပေါ်လှဲချလိုက်သည်။ မာန်ကတော့ ရေချိုးခန်းထဲဝင်သွားသည်။
၅ မိနစ်ပြည့်တော့ မာန်ကတစ်ကယ်ကြီးရေချိုးခန်းထဲကထွက်လာသည်။ ပုံမှန်ဆို မာန်က နာရီဝက်လောက်ရေချိုးတာကြာသည်ကို သူ့စကားနားထောင်ပြီး ၅မိနစ်နှင့်ထွက်လာတော့ အရမ်းကိုပဲ ချစ်သွားမိသည်။"ယား....ကိုကိုကချစ်ဖို့ကောင်းလိုက်တာ။ မြန်မြန်လေး အင်္ကျီဝတ်ပါ။"
ခွန်းကမာန့်ကိုဖက်ပြီး မာန့်ရင်အုပ်ကြီးကိုနမ်းကာပြောလိုက်တော့ မာန်က
"မနက်ဖြန်မှ သွားရအောင်..."
"ဟင်! ဘာလို့လဲ ကိုကိုမအားဘူးလား။"
"ကိုယ် လိေ မ္မ်ာသီးစားချင်လို့။"
"လိမ် လိမ်မော်သီး??"
"ဟုတ်တယ်။"
မာန်ကခွန်းအားရီဝေစွာကြည့်ပြီး ခါးသေးသေးကိုဖက်လာသည်။ ထိုအခါခွန်းကသဘောပေါက်သွားပြီး။