Chapter 1

71 8 0
                                    


အဲ့ဒီလို လူမျိုးကို မပြတ်နိုင်ဘဲ ချစ်နေမိတဲ့ ကျွန်တော်ကမှ ရှက်ဖို့ကောင်းတာ

🪁🪁🪁

ယွဲ့ချီ

G Class ကားတစ်စီး လမ်းသွယ်လေးထဲသို့‌ ကွေ့ဝင်လာ၏။

'ယွဲ့လျန့်ဖြောင်းလျန့်' ဟူသော ကော်ဖီဆိုင်စာကြည့်တိုက်လေးတည်ရှိရာ ခြံဝန်းရှေ့သို့ ရောက်သည့်အခါ အဆိုပါကားက အရှိန်သတ်သွားသည်။ ကားရပ်ပြီးသည့်နောက် ကားပေါ်မှ ဆက်စီကျနလှပလွန်းသော အမျိုးသမီးတစ်ဦးဆင်းလာသည်။

နီညိုရောင် ကိုယ်ကြပ်အင်္ကျီလက်ပြတ်နှင့် ဂျင်းပင်အနက်စိုစိုကို တွဲစပ်ဝတ်ဆင်ထားပြီး Pencil Heels စီးထားသော သူ(မ)၏ ကြွကြွရွရွ ခြေလှမ်းများကား မော်ဒယ်တစ်ဦးအလားပင်။ နေရောင်ကာရုံ တပ်ဆင်ထား‌သော နေကာမျက်မှန်က သူ(မ)၏ အလှကို ပိုယစ်မူးစရာကောင်း‌စေသည်။

ခါးတွင် ချိတ်ထားသော ရဲတံဆိပ်နှင့် ပေါင်တံသွယ်သွယ်တွင် ပတ်ထားသော သေနတ်အိတ်ထဲမှ သေနတ်ကြောင့်သာ မဟုတ်လျှင် ကြော်ငြာကုမ္ပဏီများက အနုပညာကြေး အမြင့်ဆုံးပေးပြီး အပြိုင်အဆိုင်ကမ်းလှမ်းကြမည်မှာ ကျိန်းသေပေါက်ပင်။

သူ(မ)က အဆိုပါခြံထဲသို့ လှမ်းဝင်သွားသည်။

ခြံဝန်းထဲ မရောက်ခင် အဝင်ဝတွင်တော့ Wind Chimes လေးများ ချိတ်ဆွဲထား၏။ လေတိုက်တိုင်းမှာ Chime လေးများ ထိခတ်လှုပ်ရှားသံ၊ သစ်ရွက်လေတိုးသံလေးတွေက စိတ်ကြည်နူးအေးချမ်းမှုတို့ကို ယူဆောင်လာပေးသည်။

သူ(မ) ဝင်လာသည်ကို မြင်တော့ ဝန်ထမ်းတစ်ဦး အပြေးထွက်လာကြိုသည်။

"မမရှန်ချင်းအိုက် .. မတွေ့ရတာတောင် ကြာပြီ"

"ယွဲ့ချီရှိတယ်မလား"

"ဟုတ်ကဲ့ .. အစ်ကိုလေးရယ် ခြံထဲမှာပဲ စာဖတ်နေတယ် .. ညီမလိုက်ပို့ပေးမယ်လေ"

"နင်တို့ သူဌေး နေကောင်းရဲ့လား"

"မနေ့ကမှ ဆေးရုံကဆင်းလာတော့ သိပ်မလန်းသေးပေမယ့် ကြည်ကြည်လင်လင်တော့ ရှိပါတယ် မမ"

ဝန်ထမ်းကောင်မလေးခေါ်ဆောင်ရာနောက် လိုက်သွားရင်း ခြံဝန်းထဲမှ အပြင်အဆင်တို့က သူ(မ)ငေးမောကြည့်မိ၏။ တာဝန်ကြောင့် မရောက်ဖြစ်ခဲ့သည့် လေးငါးလအတွင်းမှာ ယွဲ့ချီက အတော်လေးကို ပြောင်းလဲပြင်ဆင်ထားတာကို သူ(မ) သေချာသတိထားမိသည်။

You've reached the end of published parts.

⏰ Last updated: May 14 ⏰

Add this story to your Library to get notified about new parts!

မပြည့်စုံသော အဆုံးသတ် - No Perfect Ending Where stories live. Discover now