{Third Day ? }
__________________________________
________♡သရေစာမုန့်ထုတ်တွေမျိုးစုံအပြည့်ပါတဲ့အထုပ်ကြီးတစ်ထုပ်က အခန်းထဲကို'ဘုတ်'ခနဲပစ်သွင်းခံလိုက်ရတယ်။
ရှောင်တုံရှင်းက အထဲဝင်လာကာ သူ့ကိုယ်သူအပြည့်အဝဖော်ပြပြီးတာနဲ့ ဦးထုပ်အောက်ကနေ ငါ့ကိုပြုံးပြလာတယ်။ အိမ်း။ ခါတိုင်းလို သူ့ရဲ့မူပိုင်အပြုံးကြီးနဲ့ပဲပေါ့?
ငါမသက်မသာနဲ့ လူမူရေးအရပြန်ပြုံးပြတော့မယ့်အချိန်မှာပဲ။ရှောင်တုံရှင်းကငါ့ကိုဆက်မပြုံးပြတော့ဘူး။
သူကမျက်နှာသေကြီးအဖြစ်နဲ့ ငါထိုင်နေတဲ့ကုတင်နားကို အမြန်လျှောက်လာပြီး ငါ့ပုခုံးပေါ်ကဖန်းချိန်ရဲ့ခေါင်းကို လက်ချောင်းနှစ်ခုနဲ့တွန်းဖယ်လိုက်တယ်။
???
ဖြစ်ရပ်ကအရမ်းကိုမြန်သွားတာကြောင့် ငါဖန်းချိန်ကိုထိန်းဖို့နဲ့ ဇာတ်လိုက်အရူးကောင်ကိုတားဖို့မမှီလိုက်ဘူး။
ရုတ်ချည်းကြမ်းတမ်းစွာအနိုးခံလိုက်ရသော ဖန်းချိန်:"???"
"ဝူးဝူး....ရှောင်ဖန့်...ငါ့ရဲ့ရှောင်ဖန့်ဖန့်လေး~.....အမ်?..."
ဖန်းချိန်က အိပ်ချင်မူးတူးနဲ့နိုးလာပြီး ပါးစပ်ထဲရှိရာ လျှောက်ရေရွတ်နေတယ်။ဒါမယ့် သူဘယ်လိုပဲ အသိစိတ်မကပ်သေးပါစေ ဇာတ်လိုက်ရဲ့ရောင်ဝါက အရမ်းကိုတောက်ပနေတာကြောင့် အလျင်အမြန်ပဲသတိထားမိသွားတယ်။
"...အမ်?...ရှောင်မုံ့....သူကဘယ်သူလဲ?"
ဖန်းချိန်က မျက်မှောင်ကုတ်သလိုလိုနဲ့သူ့ရှေ့ကလူစိမ်းကို သေချာစိုက်ကြည့်နေတယ်။
"မင်းကဘယ်သူလဲ?!"
ဖန်းချိန်ကမေးလိုက်တယ်။သူကမေးရင်းနဲ့လည်း ရှောင်မုံ့ကိုမရိုးမသားစိုက်ကြည့်နေတဲ့ လူစိမ်းရဲ့မြင်ကွင်းကိုကာဖို့ ထရပ်ပြီး ထန်ချွမ်မုံ့ရဲ့ပေါင်ပေါ်ထိုင်ချလိုက်တယ်။လက်တွေကလည်း ချွမ်မုံ့လည်ပင်းကိုသွယ်ဖက်ထားရင်းပေါ့။
ချွမ်မုံ့:"???"
ဒီအနေအထားကြီးက?
ဒါက ဘာကိုဆိုလိုချင်နေကြတာပါလိမ့်?
YOU ARE READING
မင်းကငါ့အချစ်တွေကိုမမြင်သလို ငါကလည်းသူ့အချစ်တွေကိုမမြင်ဘူး
Short Story{唐春梦的刘动心} (ချိုမြိန်သောအိမ်မက်၏စီးဆင်းနေသောခံစားချက်) [Streamed feelings about the sweet spring dream] ဝတ္ထုထဲသို့ ငါးရက်စာဇာတ်ကောင်အဖြစ်ကူးပြောင်းခြင်းနှင့် ရှင်သန်ရန်ကြိုးပမ်းအားထုတ်မှုမှ...... စီးဆင်းနေတဲ့ခံစားချက်လေးရှောင်တုံရှင်း : "အိုင်း...မ...