အပိုင်း(၂)-Uni

3 0 0
                                    

ရေဒီယိုဖွင့်လိုက်သည်နှင့် ကြားလိုက်ရသော ယောက်ကျားပျိုတစ်ဦးရဲ့အသံက ချိုမြိန်ပီး ဂရုဏာသက်ဖွယ်ကောင်းလှသည်။

"အားလုံးဘဲမင်္ဂလာရှိတဲ့ အချိန်လေးဖစ်ပါစေလို့ ဦးစွာပထမ  ကျွန်တော်က နူတ်ခွန်းဆက်သအပ်ပါတယ်"

"ဒီလိုအချိန်ရောက်ပီဆို ကျွန်တော် တင်ဆက်ပေးနေကြအစီအစဉ်လေးတစ်ခုဖစ်တဲ့ *သူသိစေ*ဆိုတဲ့ အစီအစဉ်လေးကို အားလုံးက စောင့်မျှော်နေကြမယ်လို့မျှော်လင့်မိပါတယ်"

"ဒါပေမဲ့ ဒီအစီအစဉ်ကို အခုမှနားထောင်ဖူးတဲ့သူကော နားထောင်ပီးသားသူကော ပြန်ပီးအမှတ်ရသွားအောင် ဒီအစီအစဉ်လေးရဲ့အကြောင်းလေးကို ကျွန်တော်က နောက်ထပ်တစ်ခေါက် ပြန်ပြောပြပေးပါ့မယ်"

"ဟုတ်ကဲ့ ဒီအစီအစဉ်လေးကတော့ ချစ်သူရည်းစားတွေအတွက် ရည်ရွယ်ပီး တင်ဆက်ပေးထားတဲ့ အစီအစဉ်လေးတစ်ခုပါ ကိုယ့်ရဲ့ချစ်ရတဲ့သူကိုဖစ်စေ ဒါမှမဟုတ် ကိုယ်ကြိတ်ပီးသဘောကျနေရတဲ့ မိန်းကလေး ယောက်ကျားလေးကိုဖစ်စေ ကိုယ့်ကို ထားသွားတဲ့ ချစ်သူ ရည်းစားကို သတိရလွမ်းဆွတ်တမ်းတမိရင်ဖစ်စေ ကိုယ့်ရဲ့ခံစားချက်တွေကို ကိုယ့်ရည်ရွယ်တဲ့ သက်ဆိုင်သူသိစေဖို့ ကျွန်တော်ရဲ့အစီအစဉ်လေးမှာSMSလေးပေးပို့ ပီး ရင်ဖွင့်နိုင်တဲ့အစီအစဉ်လေးတစ်ခုဆိုမမှားပါဘူး"

"အစီအစဉ်လေးအကြောင်း ရှင်းပြပီးပီဆိုတော့ ကျွန်တော်တို့ အစီအစဉ်လေးကို အစပြုလိုက်ကြရအောင်"

ရေဒီယိုမှ အစီအစဉ်တင်ဆက်သူရဲ့ အသံဟာ မီးကိုရေနှင့်ငြိမ်းသလို ကြားရသူအဖို့ စိတ်နှလုံးကို အေးချမ်းစေတာတော့ အမှန်ပင်။ ပြောရရင် ထပ်ခါထပ်ခါနားထောင်ပီးရင်း နားထောင်စေနိုင်အောင် စွဲဆောင်နိုင်တဲ့ အသံမျိုး။

"ပထမဆုံးပေးပို့ လာတဲ့စာလွှာလေးကတော့ ရန်ကုန်က ကိုအောင်မျိုးဟန်ပါ သူရေးထားတဲ့စာလွှာလေးကတော့ "

  ✉️မင်္ဂလာပါအကိုနေရိပ်ခင်မျာ ကျွန်တော်မှာကျွန်တော် ကြိတ်ချစ်နေရတဲ့ သူငယ်ချင်းကောင်မလေး တစ်ယောက်ရှိပါတယ် ဒါပေမဲ့အကိုရာ သူ့ မှာကလည်းသူသိပ်ချစ်ရတဲ့ကောင်လေး သူ့ ရဲ့ချစ်သူရှိနေပြန်တယ် အဲ့တာကြောင့် ကျွန်တော်သူမကိုမချစ်မိအောင် အကြိမ်ကြိမ်ကြိုးစားကြည့်ပေမဲ့ ကျွန်တော့်နှလုံးသားကတော့ သူမမှ သူမဖစ်နေတယ်ဗျာ ကျွန်တော်အနေနဲ့ ဘာဆက်လုပ်သင့်လဲအကိုနှောင်းခက် အကြံဉာဏ်လေးပေးစေချင်ပါတယ် ကျွန်တော်တစ်ယောက်တည်းမခံစားနိုင်တော့လို့ ရင်ဖွင့်ပီး အကို
နေရိပ်ကိုယ်အခုလို SMSရေးပို့ လိုက်ရတာပါ

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Jun 17 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

အချစ်သည်......(Love It....)Nơi câu chuyện tồn tại. Hãy khám phá bây giờ