WARNING🔞🔞
(Unicode)🥟
1weeks later.
ဒီနေ့ မာမီတို့နှင့် မမေကျော့ရှင်း၏မွေးနေ့ကိုသွားရမှာဖြစ်သည်။
suitကိုသေသေသပ်သပ် လုပ်ပြီး၊ Rolexနာရီကိုပတ်ရင်း မှန်ထဲမှာပေါ်နေသည့် ကိုယ့်ပုံရိပ်ကိုယ် ကြည့်ကာ တစ်နေ့က မာမီပြောခဲ့သည့်စကားလုံးတို့က ဝိုင်းကာကြားယောင်လာသည်မို့ သက်ပြင်းပင်အခါခါချနေမိတော့သည်။ဒေါက်! ဒေါက်!
တံခါးခေါက်သံနှင့်အတူ အတွေးတွေမှာလည်းတစ်ခန်းရပ်။
"တော်ဝင်မှိုင်း...ပြီးရင်ထွက်လာခဲ့တော့"
တော်ဝင်ထပ်မံ၍ သက်ပြင်းအရှည်ကြီးတစ်ချက်ချကာ အခန်းထဲမှထွက်လာခဲ့လိုက်သည်။
ဒေါ်နွယ်ဒါလီ တော်ဝင်ကို စုန်ခြည်ဆန်ခြည်ကြည့်ပြီးနောက်
"ငါ့ကိုမျက်နှာပျက်အောင်တော့မလုပ်နဲ့နော်"
"ပြီးရင် သွားကြတာပေါ့"
ပြောသည့်စကားကိုလျစ်လျူရှု့ကာ တော်ဝင်အရင်ထွက်လာလိုက်သည်။
"အဟွန့်!"
ဒေါ်နွယ်ဒါလီတစ်ယောက် လက်ပိုက်လျက် တစ်ချက်ပြုံးလိုက်သည်။
မလိုတော့ပါဖူး....မင်းတို့ပျော်ရတဲ့အချိန်တွေကုန်ဖို့!__________________
"အန်တီ....ဒီမှာလာထိုင်ပါ"
မေကျော့ တော်ရတော့မည့်ယောကျာ်းနှင့်ယောက္ခမ၊ ယောက္ခထီးတို့ကို နေရာချပေးကာ တော်ဝင်ဘေးနားသို့ဝင်ထိုင်လိုက်သည်။
ထိုင်ပြီးသည်နှင့် မေကျာ့ရှင်းနှင့် မာမီမှာ အကြည့်ချင်းပင်စကားပြောနေသလို တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခပ်ပြုံးပြုံးဖြစ်နေကြသည်။တော်ဝင်ကတော့ ထိုကိစ္စကို ထွေထွေးထူးထူးမဟုတ်ဖူးဟုထင်ကာ မျက်နှာလွှဲပြီး မြင်ကွင်းမှထုတ်လိုက်သည်။
ခနလောက်ကြာတော့ မေကျော့ရှင်းကထသွားပြီး ဖျော်ရည်အချို့ကို ယူလာသည်။
"ဒါက အန်တီအတွက်၊ ဒါက ဉီးအတွက်။ဒါကတော့.....တော်ဝင်အတွက်"
တော်ဝင်မျက်လုံးကိုတည့်တည့်ကြည့်ကာ ဖျော်ရည်ခွက်ကိုချပေးလာသည်။
တော်ဝင်ချက်ချင်းပင်အကြည့်လွှဲပစ်လိုက်သည်။