သူ့မျက်လုံးများကမူ ဟိုကြည့်ဒီကြည့်ဖြင့် "မင်း မနက်ဖြန်မှ ပြန်လာမယ်လို့ပြောထားတာမဟုတ်ဘူးလား။ ငါက မနက်ကျမှ ဒီစာတိုလေးတွေအကုန်လုံးကို ဖွက်ထားမလို့ လုပ်နေတာ။"

ပြောရင်းပြောရင်းဖြင့် သူ့အသံကတဖြည်းဖြည်းတိုးလာလေသည်။ ရွှီလော့ယန်က စိတ်ထဲမှသာ သက်ပြင်းခိုးချလိုက်သည်။

သူက တကယ်ကြီး ပိုပိုပြီး အဖြစ်မရှိတဲ့သူဖြစ်လာတာပဲ။

"ကိုယ်လည်း မင်းဆီကို စာရေးချင်လို့လေ။"

သူ၏နီရဲနေသည့် နားရွက်ထိပ်လေးများကို သတိထားမိကာ ချီချန်အန်း၏အပြုံးက ပို၍ကြီးမားလာလေသည်။

"အခု မင်းလည်းနိုးလာပြီဆိုတော့၊ ကိုယ် မင်းကို တိုက်ရိုက်ပဲ ပြောလိုက်တော့မယ်။"

ရွှီလော့ယန်က မျော်လင့်မှုများပြည့်နေသော မျက်ဝန်းတို့ဖြင့် အလေးအနက် ခေါင်းညိတ်လာသည်။

"အင်း ပြောလေ။"

"ကိုယ်မင်းကိုချစ်တယ်။"

!!

သည်ဝန်ခံစကားက ရုတ်တရက်ကြီးထွက်လာသည်မို့ ရွှီလော့ယန်က အငိုက်မိသွားရသည်။ ရလဒ်အနေနှင့် သူ့နှလုံးကခုန်ပေါက်လာကာ၊ နားရွက်များလည်း ပူလောင်လာပြီး သူ့အကြည့်များက ချီချန်အန်းထံ၌သာ စွဲကပ်ထားမိသည်။ သူကိုယ်တိုင်ပင်သတိမမူမိပါဘဲ သူ့မျက်ဝန်းတို့က အပြုံးများဖြင့်ပြည့်နှက်နေသည်မှာ လျှံကျလာတော့မတတ်ပင်။

ချီချန်အန်းက ရွှီလော့ယန်၏ ပူနွေးနေသည့်နားရွက်ဖျားလေးကို နမ်းရှိုက်ကာ၊ လက်အစုံကိုမြှောက်၍၊ ထိုလူအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။ မင်းနဲ့မတွေ့ခင်တစ်လျှောက်လုံး၊ ကိုယ့်ဘဝက စကြ၀ဋာကြီးရဲ့အမှောင်ထုထဲကျရောက်နေသလိုမျိုး၊  ကြယ်တွေကြားဖြတ်သန်းပြေးလွှားနေခဲ့တာ အလင်းနှစ်ပေါင်းဘယ်လောက်များ ကြာခဲ့ပြီလဲ။

ရွှီလော့ယန်က အချိန်ဆွဲကာ ရေချိုးနေရင်း ပြုံးနေမိသည်။

သူက ငါ့ကို ချစ်တယ်လို့ပြောတယ်၊ ချန်အန်းက သူငါ့ကို ချစ်တယ်တဲ့။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Kde žijí příběhy. Začni objevovat