ရှိန်မြတ်ပိုင် ထမင်း ဟင်း အဆင့်သင့်လုပ်ထားပြီး
ဆိုင်းခမ် အလာကို မျှော်နေသည်။
သူသိချင်မိတယ် ဆိုင်းခမ်ရဲ့ အဖြေကိုပေါ့
သူ့မှာ ရင်တဒိတ်ဒိတ်နဲ့။
ခဏနေတော့ ဆိုင်းခမ် ရောက်လာသည်။
"ခမ့် ကိုယ်စောင့်နေတာ""အင့် ကျွန်တော် လမ်းမှာ စိုင်းနဲ့တွေ့လို့ စကားပြောနေတာ ကြာသွားတယ်"
"အင့် လာ ထိုင်လေ"
"အွန့်"
ရှိန်မြတ်ပိုင် ဆိုင်းခမ်ကို ကြည့်လိုက်တော့ ဆိုင်းခမ် ရှက်နေတယ် ထင်ပါရဲ့ ပါးမို့မို့လေးတွေ ပန်းရောင်သန်းလို့
"ခမ့် ကိုယ့်ကို စိတ်ဆိုးနေတာလား""မဆိုးပါဘူး"
'အော် သူမှတ်မိသားဘဲ ဟွန့်'"ဆိုတော့ ကိုယ်မင်းရဲ့ အဖြေကိုသိချင်တယ်"
ဆိုင်းခမ်ပြောဖို့ လုပ်နေတုန်း ရှိန်မြတ်ပိုင် အလန့်တကြားနဲ့
"မပြောနဲ့! မပြောနဲ့! ကိုယ်အခုမသိချင်သေးဘူး မကြားရဲဘူး"ဆိုင်းခမ် ထိုစကားကိုကြားတော့ ပြောမည့် စကားတွေပြန်မျိုချလိုက်ရလေသည်။
သူပြောချင်တာက'ကျွန်တော်လည်း ခင်ဗျားတွဲကြည့်ချင်တယ်"လို့ပေါ့ ဟူးးးး မပြော စေချင်လည်း
မပြောတော့ဘူ ဟွန့်"ဘာလို့လဲ ကျွန်တော်ကပြောချင်နေတာလေ"
"ကိုယ် ကြောက်တယ် ခမ့် ငြင်းမှာကိုစိုးတယ် "
သူ ဆိုင်းခမ့်ကို သနားစရာ မျက်ဝန်းလေး နဲ့ကြည့်ပြီးပြောလိုက်သည်။ဆိုင်းခမ် ထိုလူရဲ့အကြည့်ကို တွေ့တော့ မနေသာပေ။
" ကျွန်တော် မငြင်းပါဘူး"".................ခမ့် မငြင်းဘူးဆိုတော့...."
"အင့် ကျွန်တော်လည်း သဘောကျတယ် အမ်...တွဲမလား"
ဆိုင်းခမ် ရှက်ရှက်နဲ့ပြောလိုက်ပြီး မျက်နှာလွှဲလိုက်သည်။ရှိန်မြတ်ပိုင် ထိုစကားကိုကြားတော့ ရင်ထဲက အပူလုံးက ကျသွားလေသည်။ ရင်ထဲပေါ့ပါးသလို ခံစားလိုက်ရပြီး
အလွန်ကို ပျော်ရွင်မိသွားသည်။
"တကယ်လား ခမ့်လည်း ကိုယ့်ကို သဘောကျတယ်ပေါ့""အင့်"
ရှိန်မြတ်ပိုင် ဆိုင်းခမ့် ကိုကြည့်ပြီး ထရပ်လိုက်သည်။ သူထလိုက်တော့ ဆိုင်းခမ် လိုက်ထသည်။ ရှိန်မြတ်ပိုင် ခမ့်ကိုယ်လေးကို သိမ်းကျုံး ဖတ်လိုက်သည်။
ဆိုင်းခမ်လည်း ရှိန်မြတ်ပိုင်ကိုပြန်ဖက်လိုက်သည်။
KAMU SEDANG MEMBACA
ကျွန်တော့်ရဲ့ ကိုကိုပိုင်
Cerita Pendekမိန်းမ မယူချင်လို့ ရွာမှာနေ နေရသူ နဲ့ ဘဝ ကို အေးချမ်းစွာ ဖြတ်သန်းလိုသူ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း (ပထမဆုံး ရေးသားခြင်း၊ စိတ်ကူယဉ်သက်သက်သာ ရေးထားခြင်း ဤဇာတ်လမ်းတွေပါဝင်သော နေရာ ဇာတ်ကောင် စသဖြင့် အားလုံးသည် ရေးသူ၏ စိတ်ကူးသက်သက်သာ ။ )