Chapter 2

302 36 5
                                    

Wonwoo အရင်ဆုံး သူ့စိတ်ကိုငြိမ်အောင်ထားပြီးနောက် ရေချိုးဖို့ပြင်ဆင်လိုက်တော့သည်

ခဏအကြာ...

ဒေါက်...ဒေါက်...ဒေါက်

ရေချိုးခန်းထဲကထွက်ထွက်ချင်း တံခါးခေါက်သံကြားတာကြောင့် အဝတ်အစားအမြန်ဝတ်ပြီး တံခါးသွားဖွင့်ပေးလိုက်ဝောာ့သည်

"အစ်ကို Seungcheolက ညစာစားဖို့လာခေါ်ခိုင်းလိုက်လို့"

"ကျွန်တော် ပြီးရင်ဆင်းလာခဲ့လိုက်မယ်"

"အင်း ဒါဆိုပြီးရင်ဆင်းလာခဲ့လိုက်နော် အားလုံးပြင်ဆင်ပြီးပြီ
မလို့"

Wonwooလည်း Mingyuထွက်သွားပြီး ခဏနေတော့ အိမ်အောက်ထပ် ထမင်းစားခန်းသို့သွားကာ ညစာစားဖို့ပြင်ဆင်တော့သည်

ညစာစားကြရင်း...

"Mingyu အစ်ကို မင်းအကူအညီတောင်းထားတဲ့အတိုင်း ကားပြင်ဆင်ထားတယ် မနက်ဖြန်လောက်တော့ရောက်မယ် ပြီးတော့ နေဖို့အိမ်အတွက်ကတော့ စိတ်မပူနဲ့ အစ်ကိုတို့ဆီမှာပဲနေလိုက်"

"အာ မဟုတ်တာ အားနာစရာကြီး အစ်ကိုကလည်း"

"ရပါတယ် အိမ်မှာက အစ်ကိုနဲ့ Wonwooပဲရှိတာ အခန်းလဲအပိုရှိတော့ ကိစ္စမရှိဘူး ကိုယ့်အိမ်လိုလွတ်လွတ်လပ်လပ်
သာနေ"

"ကျေးဇူးပါ အစ်ကို အနှောက်အယှက်ဖြစ်စေမိပြီ ဒါပေမယ့် Wonwooအတွက်ကရော အဆင်ပြေပါ့မလား"

"ကျွန်တော့်အတွက်ကအဆင်ပြေပါတယ် ဘာမှမဖြစ်ပါဘူး"

Wonwoo ဘာကြောင့်မှန်းမသိ Mingyu သူတို့အိမ်တွင်လာနေမယ့် ကိစ္စကိုအလွယ်တကူလက်ခံလိုက်မိတော့သည်

"ကျေးဇူးပဲနော်~"

"ဒါနဲ့Mingyu ဒီမှာ ဓာတ်ပုံပြခန်းဖွင့်ဖို့အတွက်ရော နေရာစီစဉ်ပြီးသွားပြီလား"

"အင်း ကျွန်တော်နေရာတော့ရှာထားပြီးသွားပြီ အတွင်းပိုင်းပြင်ဆင်ဖို့ပဲရှိတော့တယ်"

ဓာတ်ပုံရိုက်တာစိတ်ဝင်စားတဲ့ Wonwooက ဓာတ်ပုံပြခန်းဖွင့်မည်ဆိုသော စကားကြောင့် အနည်းငယ်စိတ်ဝင်စားမိသွားကာ ‌Mingyuကိုမေးလိုက်တော့သည်

The Man I LoveOù les histoires vivent. Découvrez maintenant