တော်၀င် ထိုကလေး၏လယ်တိုင်ကျော့ကျော့မှာ နှာဖျားနှစ်ကာ ကိုယ်သင်းနံ့မွေ့မွေ့ကို စိတ်ပြေနှပ်ပြေ ရှုရှိုက်နေမိသည်။
"ငါမင်းအနံ့လေးကို သဘောကျတယ်....."
"ဗျ..ဗျာ!"
"သဘောကျတယ်လို့၊ မင်းရဲ့ကိုယ်သင်းနံ့လေးကို"
"........"
ငြိမ့်ရင်တွင်းတစ်နေရာမှာ လှပ်ခနဲပင်ဖြစ်သွားပြီး တံတွေးပင် မျိုချလိုက်မိသည်။
"ငါ....စိတ်ပင်ပန်းနေတဲ့အချိန်တိုင်း ဒီကိုယ်သင်းနံ့လေးကို ရှုရှိုက်ချင်တယ်...."
"........"
"ငါအခုအရမ်းပင်ပန်းနေတယ်"
ထိုစကားကြောင့် ငြိမ့်မျက်လုံးလေးတွေ လက်သွားကာ အကို့ဘက်သို့ လှည့်လိုက်ပြီး
"ကျွန်တော့်ကို....ပြောပြလို့ရရင် ပြောပြပါ။ရင်ဖွင့်လို့ရပါတယ်၊ ကျွန်တော်နားထောင်ပေးပါမယ်"
ထိုစကားအဆုံး တော်၀င် နှုတ်ခမ်းထောင့်လေးတွေ ကွေးကာသွားသည်။
မျက်လုံးလေးပြူးကာ ယုန်ဖြူလေးလိုပင်။"ရတယ်.....ဒီတိုင်းပဲ....ဒီတိုင်းလေးပဲနေပေးပါ"
အကိုက ငြိမ့်ကို ရင်ခွင်ထဲသို့ထည့်ကာပြောသည်။
ကိုယ့်ရင်ထဲပေါ့ဖို့အတွက်နဲ့ ကိုယ့်အပူတွေ မင်းကိုမပေးချင်ဖူး နှောင်းငြိမ့်မြူ။
"........"
"နှောင်းငြိမ့်မြူ...."
"ဗျာ"
ငြိမ့် အကို့ရင်ခွင်ထဲမှာ ခေါင်းလေးထောင်မော့ကာ ထူးလိုက်သည်။
"ငါ.....မနက်ကျရင် မင်းကိုလိုက်ပို့ဖို့ မအားတော့ဖူး"
"ဗျာ...."
အကိုက ငြိမ့်ကိုငုပ်ကာကြည့်လာသည်။
"ဟို....အရေးကြီးကိစ္စလေးရှိလို့၊ အ့တာ....."
"ဟုတ် ရပါတယ်၊ မနက်ကျရင် ကျွန်တော် ကိုယ့်ဘာသာပဲ သွားလိုက်ပါ့မယ်"
"........"
"အကို့ အလုပ်ကိစ္စကိုသာ စိတ်ဖြောင့်ဖြောင့်သွားလုပ်ပါ"
Part-15
शुरू से प्रारंभ करें: