9✧

541 76 15
                                    

"အိမ်ရှေ့စံ! လုပ်ကြံသူကိုဘယ်သူလို့ထင်မိလဲ"

အိပ်ခန်းဆောင်အတွင်းက စားပွဲဝိုင်းအသေးမှာ ဆောင်းဟန်ဘင်းနဲ့ထယ်ရယ်ကမျက်နှာချင်းဆိုင်ပြီး အကြိတ်အနယ်စဉ်းစားခန်းဖွင့်နေရတယ်။

လုပ်ကြံသူကအကွက်ကျ,ကျနဲ့ကို သေချာစီစဉ်ခဲ့တဲ့ပုံ။ပထမတစ်ခါတောထဲမှာလုပ်ကြံတုန်းက အမည်းရောင်၀တ်ရုံနဲ့လူတွေကဟန်ပြသာဖြစ်ပြီး ဟိုနေ့ကတိုက်ခိုက်တဲ့ အမျိုးသမီးတွေကမှ တကယ်နောက်ကွယ်ကကြိုးကိုင်နေတဲ့သူ။

"ကျွန်တော့် အထင်ဆိုရင်တော့အတွင်းလူထဲကဘဲ "

ပထမတော့‌ ဟန်ဘင်းတွေးမိတာက သူ့ကိုမုန်းတီးနေတဲ့ နန်းတော်တွင်းထဲကသက်ကြားအို‌တွေ၊ဒါမှမဟုတ်ခမည်းတော်ရဲ့ မောင်းမတွေ၊မိဖုရားတွေထဲက တစ်ယောက်ယောက်ဖြစ်မယ်ဆိုပြီး ထင်ခဲ့ပေမယ့် ခုချိန်မှာ ဒါကဖြစ်နိုင်ခြေအတော်နည်းသွားပြီ။

သူနဲ့ဟာအို အပြင်ထွက်မယ်ဆိုတာကို သိတာဆိုလို့ အတွင်းလူ အနည်းငယ်သာရှိသည်။နောက်ပြီး ဟန်ဘင်းတို့ကိုလုပ်ကြံချိန်မှာ ကင်ထယ်ကိုအချိန်မှီမရောက်နိုင်အောင်လို့ လမ်းမှာကြားဖြတ်ပြီး တစ်ဖက်ကအချိန်ဆွဲထားကာ လူခွဲပြီးတိုက်ခိုက်သည်။

"ငါတို့အပြင်ထွက်မယ်ဆိုတာကိုသိတာက ဘယ်သူတွေလဲ"

"ကျန်းဟာအို အမရယ်၊သူ့ကိုယ်ရံတော် ကျိုးမိန်ယင်းရယ်...ပြီးတော့အထိန်းတို့အချို့ရယ် ဒါဘဲထင်တယ် "

"ကျန်သေးတယ်...နောက်တစ်ယောက်"

"ဘယ်သူလဲ ကျွန်တော်သိတာတော့ဒါဘဲထင်တယ်"

"ကင်ဟီယောင်း"

"ကျွန်တော့် ညီမကဘာလို့???"

"ကိုကို !!!"

ဆောင်းဟန်ဘင်းတို့စကားဝိုင်းက အိပ်ခန်းဆောင်တံခါးကိုဖွင့်ပြီး အထိတ်တလန့်ပြေး၀င်လာတဲ့ ကင်ထယ်ရယ်ရဲ့ညီမဖြစ်သူကြောင့် ပြတ်သွားခဲ့သည်။

ကင်ဟီယောင်း...ဆောင်းဟန်ဘင်းထက်၅နှစ်ငယ်တဲ့ အမတ်ကြီးကင်ရဲ့သမီးအငယ်ဆုံး။နောက်ပြီးတော့ ကင်ထယ်ရယ်ရဲ့ညီမအရင်း။

God;Damn it!Where stories live. Discover now