3✧

473 70 6
                                    

ဟာအို ရှေးခေတ်ရောက်လာတာလား၊စစ်တပ်ထဲ ရောက်လာတာလားတောင်မသဲကွဲဘူး။မင်းတို့ဘဲစဉ်းစားကြည့်...နန်းတော်ထဲရောက်တာ၂ရက်နဲ့တစ်မနက်ဘဲရှိ‌သေးတယ် ခုမနက်အရုဏ်တက်လို့နေတောင်မထွက်သေးတာကို အစောကြီးလာနှိုးကြပြီးရေချိုးဖို့အတင်းခေါ်ကြတယ်။

ကြည့်ဖူးတဲ့နန်းတွင်းကားတွေထဲမှာဆိုသခင်လေးတွေ၊ဘုရင်တွေ၊မင်းသားတွေကသူတို့ထချင်တဲ့အချိန်မှထကြတာလေ။ဟာအို့ကိုကျမှဘာလို့အစောကြီးရေချိုးခိုင်းနေမှန်းမသိ။ဟိုဘက်ခေတ်လိုမျိုးရေပူရေအေးရှိတဲ့နေရာမှာတောင် အစောကြီးရေထမချိုးတာ။ချမ်းကချမ်းနဲ့ကို။

"သခင်ငယ်လေး ရေကန်ထဲကို၀င်လို့ရပါပြီ"

အစေခံဖြစ်ပုံရတဲ့တူညီ၀တ်စုံ၀တ်ထားတဲ့မိန်းကလေးနှစ်ဦးကသူ့ရဲ့အပေါ်၀တ်ရုံကိုချွတ်ပေးဖို့လုပ်တော့ ဟာအိုကိုယ့်အင်္ကျီကိုယ်တင်းနေအောင်ဆုတ်ထားလိုက်တယ်။ဟင့်အင်း...ရေမချိုးဘူး။

"မဆင်းပါဘူး ဒီလောက်အပြင်မှာမိုးတောင်မလင်းသေးဘူးအေးနေတဲ့ဟာ...ကိုယ်ရံတော်ယင်း ဘယ်မှာလဲ သူ့ကိုသွားခေါ်ပေး...သွားခေါ်ပေးလို့"

အတင်းရေကန်ထဲမ၀င်ဘူးဆိုပြီးပြဿနာရှာနေတဲ့သခင်ငယ်လေးကြောင့် အစေခံတွေလည်းစိတ်ညစ်ရတယ်။

"ကိုယ်ရံတော်ကျိုးမိန်ယင်းကိုသွားခေါ်လိုက်...မဟုတ်ရင်သခင်လေးက၀င်မယ့်ပုံမပေါ်ဘူး သူ့စိတ်ဖောက်လာရင်ငါလည်းကြောက်တယ် "

တီတိုး တီတိုးနဲ့‌သူမကြားအောင်ဟိုနှစ်ယောက်ကဘာတွေပြောနေကြလဲမသိပေမယ့်ဟာအို့အကြောင်းဘဲဖြစ်မယ်ထင်တယ်။

အစေခံတစ်ယောက်ကအပြင်ထွက်သွားပြီး
ခဏလောက်ကြာတော့ သူမနဲ့အတူကိုယ်ရံတော်ယင်းပါလာတယ်။

"သခင်လေး ကျွန်မကိုခေါ်တယ်ဆိုလို့ပါ"

"ငါ့ကိုမနက်အစောကြီးဘာလို့ရေအတင်းလာချိုးခိုင်းနေရတာလဲ ... ဒီလောက်အေးနေတာလေဖြတ်သေကုန်မှာပေါ့"

"ကျွန်မတို့ သခင်လေးဒုက္ခရောက်မယ့်ဟာမျိုးကိုမလုပ်ခိုင်း၀ံ့ပါဘူး...ရေကိုရေနွေးနဲ့သေချာစပ်ပြီးနွေးအောင်လုပ်ပေးထားတာပါ"

God;Damn it!Where stories live. Discover now