Chapter-1

607 38 10
                                    

ယုံးလျဲ့ တိုင်းပြည်။

​မြောက်ပိုင်း​အေးခဲ​ဒေသကိုနန်းမြို့​တော်တည်ပြီးတိုင်းပြည်ကြီးတစ်ပြည်ရှိသည် ယုံးလျဲ့။
ယုံးလျဲ့တိုင်းပြည်ဟာ အ​တော့်ကိုကျယ်ဝန်းပြီး အာဏာစက်ကြီးမားသည့်ဝမ်မျိုးရိုး​တွေကအုပ်ချုပ်သည်။ ​ခေတ်အဆက်ဆက်ပြည်တွင်းမှာ သူပုန်​တွေ၊ နန်းလုသည့်သူ​တွေ​ပေါ်ထွက်လာ​ပေမဲ့ ဝမ်​တော်ဝင်မျိုးနွယ်​တွေဟာ ဉာဏ်ပညာထက်မြက်တာ​​ရော၊ခွန်အားဗလပြည့်စုံတာ​​​ရော၊ ဘုန်းတန်ခိုးအာဏာကြီးမားတာ​ကြောင့်​ရော အကြိမ်ကြိမ်လုပ်ကြံသူ​တွေမ​အောင်မြင်ခဲ့။
ဒီလိုနဲ့ ဝမ်မင်းဆက်၇ဆက်​မြောက်ခဲ့သည်။

ယခုဝမ်မင်းကြီးဝမ်စန်းရိ​ချောင် လက်ထက်မှာ​တော့ အုပ်ချုပ်မှုပုံစံဟာအနည်းငယ်က​သောင်းကနင်းနိုင်လာသည်။ ဘုရင့်မှာ မိဖုရား၁၁ပါးရှိသလို သား​တော် ၁၃ပါးရှိသည်။ ဘုရင့်ထက်အာဏာကြီးမားတဲ့မိဖုရား​ခေါင်ကြီးက နန်း​ရေးပြည်​​ရေးကိုချုပ်က်ိုင်ထားပြီး အရာရာသူ့စိတ်တိုင်းကျချယ်လှည်သည်။ ဝမ်မင်းကြီးဟာ ဒါကိုဘာမှမတတ်နိုင်ပဲ လက်ခံ​နေရသည်။

ဘုရင့်သား​တော် ၁၃ပါး​တောင်ရှိ​ပေမဲ့ အိမ်​ရှေ့စံ​နေရာမှာ​တော့လစ်လပ်​နေဆဲဖြစ်သည်။
ဝမ်မိဖုရားကြီးကသူ့သား​တော်၃ပါးထဲက သား​တော်ကြီးကို အိမ်​ရှေ့စံအရာ​ပေးချင်​ပေမဲ့ ဝမ်မင်းကြီးဟာ သူနတ်ရွာစံမှ အမိန့်စာနဲ့​ရွေးမယ်လို့ ​ပြောထားတာ​​ကြောင့်ကြိတ်မနိုင်ခဲမရဖြစ်​နေရသည်။

သား​တော်၁၃ပါးလုံးကဉာဏ်ပညာခွန်းအားနဲ့ပြည့်စုံ​ပေမဲ့ ဝမ်မင်းကြီးက​တော့ စိတ်ထား​ကောင်းပြီး အရာရာငဲ့ညှာသနားတတ်လွန်းသည့် သူ့သား​တော်၈ကို နန်း​မွေနန်းလျာ​ပေးဖို့ ဆန္ဒရှိသည်။ ဒါကိုဝမ်မိဖုရားကြီးမရိပ်​အောင်လည်း တိတ်တဆိတ်စီမံထားရသည်။
သူ့တုန်းကမိန်းမတစ်​ယောက်ချုပ်ကိုင်လို့ တိုင်း​ရေးပြည်​ရေး က​သောင်းကနင်းဖြစ်ခဲ့ရသည်။ ​နောက်တက်မည့်ဘုရင်ကိုပါ ဝမိမိဖုရားကြီးချုပ်ကိုင်ဖို့အ​ခွင့်​အ​ရေး​ပေးလို့မဖြစ်ပါ​ချေ။

ဝမ်မင်းသား၈ ဟာဝမ်မင်းကြီးရဲ့ကြင်ယာ​တော်တစ်ပါးရဲ့သား​တော်သာဖြစ်သည်။ ​မွေးပြီးပြီးမီးတွင်းထဲမှာ မယ်​တော်ဖြစ်သူတိမ်းပါးသွားပြီး ကြင်ယာ​တော်ငယ်တစ်ပါးကသူ့သားငယ်နဲ့အတူ ​နို့တိုက်ပြီး​မွေးခဲ့သည်။
ဝမ်မင်းသား၈ဟာ တိုက်​ရေးခိုက်​ရေးမှာလည်း အစ်ကို​တော်​တွေထက် ထူးပြီးမ​တော်​နေဘူး။ စာ​ပေကျမ်းဂန်​နေရာမှာလည်း အမှီလိုက်နိုင်ရုံအဆင့်သာရှိသည့် ရိုးရိုးသာမာန်မင်းသားငယ်တစ်ပါးဖြစ်သည်။ သို​​ပေမဲ့
သူရဲ့စိတ်နှလုံးသားက ​မောက်မာခြင်းမရှိ၊ နိုင့်ထက်စီးနင်းလုပ်လိုခြင်းမရှိ။ အမှန်တရားကိုမြတ်နိုးပြီး ​ဖြောင့်မတ်တဲ့စိတ်ထားရှိသည်။ ဒါကိုပင် ဝမ်မင်းကြီးဟာသ​​ဘောကျ​တော်မူသည်။
သူ့ကို ဖခမည်း​တော်က ​​နောက်တက်မည့်ဘုရင်အ​လောင်းအလျာဖြစ် လျာထားမှန်းမသိပုံမ​ပေါ်​ပေ။

The Emperor's ConsortWhere stories live. Discover now