ပန်းပုံပြင် Prelude (Teen Diary)

2.2K 7 0
                                    


ပန်းပုံပြင် introduction ဆိုလည်း ဟုတ်ပါတယ်။ ဒီအတိုလေးကို ၂၀၁၆ တုန်းက အချစ်တက္ကသိုလ်မှာ ပထမဆုံး ရေးဖြစ်ခဲ့ပါတယ်။ ဖြစ်ရပ်မှန် personal experience လေးပါ။ ဘဝမှာ မဟုတ်တာတွေ စလုပ်တတ်တဲ့ အတွေ့အကြုံလေး အမှတ်တရ။

စရေးတုန်းက Teen diary ကနေ ပန်းပုံပြင် ဇာတ်လမ်းအထိ ဆက်သွားတာ။ နောင် ဘယ်မှာတင်ရမှန်း မသိတော့တာရယ်။ ရှက်ဖို့ကောင်းတယ် ထင်တာရယ် ဟိုဘက်မှာတင်ပြီးသား အပိုင်းတွေ ဖြုတ်ချပြီး အသစ်စလိုက်တယ်။

အခုလည်း ကိုယ့်ဟာကိုယ်ဖတ်ရင်းနဲ့ ရယ်လည်းရယ်ချင်တယ်။ ရှက်စရာလည်းကောင်းတယ်။ ပိချိလေး အရွယ်ထဲက မဟုတ်မဟတ်တွေ ရေးတတ်ခဲ့တာကိုး ဟိ။ စာဖတ်သူတွေလည်း ရှေ့မျက်နှာနောက်ထား ဖတ်ပေးကြပါနော်။

“ပထမဆုံးသော ဝတ္ထုလေးပါ။ အမှားပါရင် သည်းခံပေးပါ။”

ဒါ အဲ့တုန်းက စာဖတ်သူတွေကို အရင်ဆုံးတောင်းပန်ထားတဲ့ စာလေးပေါ့။ အခုလည်း ကြိုတောင်းပန်ထားပါတယ်နော်။ အရင် လက်ရာလေးပျက်သွားမှာစိုးလို့ မူလအတိုင်း ပြန်တင်ထားတာဆိုတော့။

————————————–

ရာသီဥတုက တဖြေးဖြေးပူလာသည်။ ဆယ်တန်းဖြေပြီးထားသော ယုတစ်ယောက် ရန်ကုန်က အဒေါ်ရဲ့ တိုက်ခန်းလေးအတွင်း ဟိုဘက်ဒီဘက်လှိမ့်ကာ အပူဒဏ်ကို ခံစားနေရသည်။ အိမ်ကလေးက နှစ်ထပ်၊ အောက်ထပ်မှာက အဒေါ်လင်မယားအခန်းရယ်၊ နှင်းအခန်းရယ် (နှင်းက ယုအစ်မအရင်း ၅ နှစ်ကြီးသည်) ၊ မီးဖိုခန်းရယ် ရှိပြီး အပေါ်ထပ်က ထပ်ခိုးလေးထဲမှာ ယုအတွက် အခန်းလေး ဖွဲ့ပေးထားသည်။ အခန်းလေးက အခုမှဖွဲ့ထားတော့ လေအေးပေးစက်မရှိ။

ရန်ကုန်မှာ နေချင်လို့တော့ မဟုတ်။ သားသမီးမရှိသော အဒေါ်က ယုတို့မောင်နှမကို အဖော်ရအောင် ခေါ်ထားသည်။ အဒေါ်ယောကျ်ားက သင်္ဘောသား၊ ကလေးမရနိုင်သော အခြေအနေတစ်ခု ဖြစ်နေကာ ယုတို့ကို သမီးအရင်းများလို သူတို့က ချစ်ရှာကြသည်။ အခုလည်း ယုကို ရန်ကုန်ခေါ်ကာ ကွန်ပြူတာ နှင့် အင်္ဂလိပ်စာသင်တန်း တက်စေသည်။

ဒီနေ့ သင်တန်းတစ်ချိန်မရှိလို့ ယုတစ်ယောက် အိမ်စောပြန်လာဖြစ်သည်။ နှင်းရယ် အန်တီသင်းရယ်က ညနေမှပြန်လာမှာ ဆိုတော့ မြို့ထဲသွားရင်း ဝယ်လာသော Descendants of the Sun ကိုရီးယားကားကို လက်တော့ထဲ ထည့်ကြည့်ဖို့လုပ်သည်။ စတော်ဘယ်ရီ ဒိန်ချဉ်ဗူးလေးရယ်၊ လက်တော့ရယ် အိပ်ယာပေါ်မှောက်ကြည့်လို့ကတော့ ဇိမ်ရှိမယ့်ဖြစ်ခြင်း။

You've reached the end of published parts.

⏰ Last updated: May 05 ⏰

Add this story to your Library to get notified about new parts!

အောစာအုပ်များWhere stories live. Discover now