Part 7

2K 307 37
                                    

ဖတ်ရတဲ့အဆင်မပြေတဲ့နေရာ သဘောမကျတဲ့နေရာ ပြင်ဆင်ပေးဖို့အတွက်စာရေးသူကို  ထောက်ပေးပါ

Unicode

"ကိုယ်နဲ့ နိကာဟ်ဖတ်မလား..."

"ခင်ဗျား ကျွန်တော့်ကို နှစ်သက်လား..."

မိုးရေစက်တွေကြား ကျွန်တော်ဟာ သူ့ကို မော့ကြည့်ကာဖြင့် ထပ်ပြီး မေးခွန်းထုတ်လိုက်သည်။ 

Aarik နဲ့ Aaran ပြေးလာသည်ကို တစ်ဖက်ကနေ တွေ့လိုက်ရသည်။ သူတို့သည်လည်း မိုးရေများစိုရွဲနေလို့။ 

"လူတစ်ယောက်ကို ဘာကြောင့်နိကာဟ်ဖတ်လဲဆိုတာ မင်းကို ကိုယ်ရှင်းပြဖူးတယ်..."

ကျွန်တော့်လက်ကို သူဟာ တင်းကျပ်စွာဆွဲကိုင် မိုးရိပ်ပိုကျကာ ကောင်းကင်နှင့်နီးစေဖို့ ပိုဆွဲခေါ်လာသည်။ 

ကျွန်တော့်ကိုဆုပ်ကိုင်ထားရင်းမှ ဆွဲခေါ်လိုက်တော့ ဆက်ခနဲဖြစ်သွားပြီး သူ့ရင်ဘတ်ကျယ်ကို  လက်ဖြင့်ထိကိုင်လျက်မိသားဖြစ်သွားသည်။ မိုးရေကြား ချမ်းစိမ့်စိမ့်နဲ့အတူ မှေးဖျားလေးဟာလည်း တစ်ဆတ်ဆတ် တုန်ရီလျက်ရှိနေသေးသည်။ 

"ပထမဆုံး...မြေကြီးနဲ့ ကောင်းကင်ကို တိုင်တည်ပြီး မင်းကို သိမ်းယူမယ် Kim Taehyung...မင်းလက်ခံသလား..."

မိုးချိန်းသံတွေကြား သူ့ရဲ့ စကားသံ။ ကျွန်တော်ရင်ဘတ်ထဲမှာလည်း ထိတ်ခနဲနဲ့အတူ ချစ်ခြင်းတွေကြား သူ့မျက်ဝန်းကို ငေးကြည့်လိုက်သည်။ 

"လက်ခံပါတယ်..."

"အရှင်မြတ်ထံနားက မင်းကိုတောင်းခံမယ်...မင်းလက်ခံသလား..."

"ကျွန်တော်လက်ခံတယ်..."

"မင်းကိုယ့်ကို ရွေးချယ်လိုက်ရင် ရင်ဆိုင်ရမှာတွေက အများကြီးဘဲ...မင်းလက်ခံသလား.."

"ကျွန်တော်လက်ခံတယ်..Ahmad Jeon.."

"အခုချိန်မှာ...မင်းကို ကိုယ့်ရဲ့ နဖူးစာလက်တွဲဖော်အဖြစ် သိမ်းယူတယ်...Kim Taehyung...မင်းဟာ ကိုယ့်ရဲ့အပိုင်ဖြစ်သွားပြီ...."

နဖူးလေးကို နမ်းရှိုက်လိုက်ပြီး ခန္ဓာကိုယ်သေးသေးလေးကို ဖက်လိုက်တော့သည်။ ဂါဝန်အဖြူလေးနဲ့ ပြေးလာသည့် သူမ။ 

The Criminal & HabibiМесто, где живут истории. Откройте их для себя