အခန်း 38

160 22 4
                                    


အခန်း 38:

တံခါးအပြင်ဘက်မှာ မီးဖိုချောင်ကနေ ဧည့်ခန်းဆီကို လျှောက်သွားပြီး တီဗီဖွင့်လိုက်တဲ့ နင်မား မားရဲ့ ခြေသံတွေ တဖြောက်ဖြောက်နဲ့  ကြားနေရလျက်။ တီဗီစီးရီးထဲက အမျိုးသားနဲ့ အမျိုးသမီး ဇာတ်ဆောင်တွေကြား စကားပြောသံကို အခန်းထဲ၌ ရှင်းရှင်းလင်းလင်းနဲ့ ကျယ်လောင်စွာ ကြားနေရပြီး ‌နင်အာ ရဲ့ မျက်လုံးတွေ ပြူးကျယ်လာကာ သူရဲ့ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါနေခဲ့၏။ သူ့ကို အိပ်ယာထက်၌ ရှောင်ပေါ်ဟန် ကုတင်ပေါ်မှာ ဖိထားနေကာ ‌နင်အာရဲ့ပခုံးအထက် လက်တင်ထားကာ ဖြည်းညှင်းစွာဖိထားသည်။

တီဗီစီးရီးက စိတ်ဝင်စားစရာကောင်းတဲ့ နေရာရောက်သော် နင်မားမား ရယ်မောခဲ့သည်။

‌နင်အာ သည် ကြောက်ရွံ့ထိတ်လန့်နေသော သမင်တစ်ကောင်လိုဖြစ် နေပြီး အသက် တောင်မရှူဝံ့ဘဲ သူ့ရှေ့မှလူကို ကြောက်လန့်တကြားကြည့်ကာ သူရဲ့အသံမှာ တိုးဖျနေသည်။

" ရှောင်ပေါ်ဟန်..."

ရှောင်ပေါ်ဟန်တံတွေး မျိုချလိုက်ပြီး သူ့လက်ချောင်းများကို တုန်တုန်ယင်ယင်ဖြင့် မြှောက်လိုက်သည်။

"ကိုယ် မင်းကို ကူညီပါရစေ ရှောင်အာ့..."

‌နင်အာ က လန့်နေလွန်းလို့ ဘာမှမပြောတော့။

ရှောင်ပေါ်ဟန် ဝင်လာချိန်မှာ တံခါးကို သော့ခတ်မထားခဲ့။ ဒီတံခါးအပြင်ဘက်မှာ နင်မားမားကလည်း TV ကြည့်နေ သေး၏။ဒါပေမယ့် ယခုအခါမှာ ရှောင်ပေါ်ဟန် က သူ့ကို အိပ်ယာပေါ် ဖိပြီး သူ့ညဝတ်အကျီတွေကိုချွတ်နေပြန်သည်။

       
‌နင်အာက နှုတ်ခမ်းများကို ကိုက်မိလိုက်ပြီး သူ့ရဲ့ ညဝတ်အင်္ကျီ ကြယ်သီးများဆီသို့  လက်ကို လှမ်းလာသည်ကို ကြည့်လိုက်သည်။

"မင်းကို အဝတ်အစားလဲပေး.. အဝတ်လဲပေးမယ်။"

ဒီလူက သူ့ကိုယ်သူ သတ္တိရှိအောင် အားပေး နေသလိုမျိုး ပြောလာခဲ့သည်။

လျှပ်တပြက်ပင်။

ကြယ်သီးတစ်လုံးပင် ဖြုတ် မပြီးသေး။

နင်းအာ၏ မျက်နှာသည် နီရဲလာသည်။

အလွန်ခက်ခဲသော သင်္ချာပုစ္ဆာကို အလွန်ဂရုတစိုက်လုပ်ဆောင်နေသကဲ့သို့ ဤကိစ္စကို အာရုံစိုက်ခဲ့သည်။ ပထမတော့ သူ အနည်းငယ် တုန်လှုပ်သွားသော်လည်း နောက်ပိုင်းတွင် အရေထူလာပြီး ကြယ်သီးသုံးလုံးကို အလွန်ကျွမ်းကျင်စွာ ဖြုတ်လိုက်သည်။

A LITTLE LOVE SONG {Complete} Where stories live. Discover now