အခန်း (၁၅)

Start bij het begin
                                    

စာအုပ်လေးကို ကျွန်မ ပြန်ပိတ်ပစ်လိုက်တယ်။ ဒါပေမယ့် စာသားတွေဟာ သက်ရှိတွေလို ကျွန်မအာရုံဆီကို ငြိထွေး လိုက်ပါလာကြတယ်။ ပန်းနက် ။ အင်း၊ ဘယ်လောက်တောင် ကြီးမားတဲ့ အထီးကျန်မှု၊တစ်ယောက်တည်းဖြစ်မှုတွေရဲ့အလွန်မှာ ဒီ အနုပညာမျိုးကို ဖန်တီးခဲ့ရပါသလဲ။ ဘယ်သူမှ သိနိုင်မှာမဟုတ်။ဘယ်သူ့ကိုမှလည်း သိခွင့်ပြုမှာမဟုတ်ပါလေ။

"ဒေါက်၊ ဒေါက်"

တံခါးခေါက်သံ အရင် ထွက်ပေါ်လာပြီး တံခါးပွင့်လာတယ်။

"မမကြီး၊ ဧည့်သည်ရောက်ပါပြီ"

"ဝင်လာခိုင်းလိုက်ပါ"

ကျွန်မ လှည့်မကြည့်ပဲ ပြောလိုက်တယ်။ နောက်တော့ သူသူ ပြန်ထွက်သွားပုံရတယ်။ ကျွန်မကတော့ ပြတင်းပေါက်ဘက်ကို မျက်နှာမူထားဆဲပဲ။ ခဏနေတော့ ခြေသံဖွဖွကို ကြားရတယ်။

"မောင်"

"ဆိုပါဦး။ တွေ့ချင်ရတဲ့အကြောင်းရင်း"

တစ်ဖက်က အကြာကြီး အသံတိတ် နေတယ်။ ပြီးမှ

"ကိုယ့်ကို လှည့်ကြည့်ပါဦး မောင်ရယ်"

ကျွန်မ ခန္ဓာကိုယ်ကို တစောင်းလေး လှည့်လိုက်တယ်။ မြိုင်က ကျွန်မနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ရှေ့တည့်တည့်မှာ လာရပ်တယ်။ ဗမာ ချည်ထည် ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ မြိုင်က ကြည့်​ကောင်း နေဆဲပါပဲ။ ကျွန်မကို စေ့စေ့စူးစူး ကြည့်နေတဲ့ မျက်ဝန်းကို ကျွန်မလည်း ပြန်ကြည့်မိတယ်။ မျက်ဝန်းနှစ်စုံဟာ အကြာကြီး ဆုံစည်းလို့နေတယ်။ နူးညံ့တဲ့အကြည့်နဲ့ မာကျော အေးစက်တဲ့ အကြည့်ဟာ စီးကြောင်းတစ်ခု ဖန်ဆင်းနေသလိုပဲ။ ​နောက်တော့ မြိုင်က မျက်လွှာချပြီး ပြောတယ်။

"နောက်ဆုံးထွက်ထားတဲ့ စာအုပ်ထဲမှာလေ"

ကျွန်မ ဘာမှ ပြန်မပြောပဲ စောင့်တယ်။

"အဲ့ဒီစာအုပ်ထဲမှာ တတိယဇာတ်ကောင်ကို ကိုယ် အရမ်းစိတ်ဝင်စားမိတယ်၊ မောင်"

"အဲ့ဒီတော့"

"မောင်က အရမ်းလေးနက်ရင် အဓိပ္ပါယ်နှစ်ခွ သက်ရောက်စေမယ့် စာသားတွေ ရေးတတ်တယ်လေ။ အခုက ဇာတ်သွားကိုပါ အဲ့သလို လုပ်ပြထားတာ။ အဲ့ဒီ ဝိုးတဝါးဆန်မှုတွေ၊ ရီဝေ မှိုင်းပြမှုတွေနဲ့ လင်းရှစူးရဲမှုတွေကို တစ်ပြိုင်တည်း မှာ ဒတ်ခနဲ လုပ်လိုက်တဲ့ အခိုက်အတန့်မျိုးမို့"

ပန်း မြူ ရိပ် Waar verhalen tot leven komen. Ontdek het nu