အခန်း-၄၃

497 60 2
                                    

အခန်း-၄၃

ကျုချင်းလန်

အားလုံး ထွက်သွားချိန်မှာတော့ ချင်ရှောင်ယွီ၊ ချန်လင်နဲ့ ဟွာထန်တို့ အရှေ့ခန်းသို့ ထွက်လာသည်..

အဲ့ဒီမှာ ခရမ်းရောင်အင်္ကျီနဲ့လူတစ်ယောက်က ထိုင်နေပြီး သူ့ မျက်ခုံးများက ထင်းကာ ရုပ်ရည်က သားနားလှသည်.. အရောင်အဝါထွက်နေတယ်လို့ ပြောရမလိုပင်..

ချန်လင် စိတ်ထဲကပဲ သက်ပြင်းချလိုက်သည်..

ဒီ မမက ချောရင် ကြွေတတ်တာမျိုးပဲကိုး..

အေ့လေ ရှောင်၀ူထက် နည်းနည်းပိုကြည့်ကောင်းနေတော့လည်း...

"ကျုချင်းလန် ? " ချင်ရှောင်ယွီက မေးလိုက်သည်..

"ဟုတ်ပါတယ်" ခရမ်းရောင်နဲ့ လူက လက်သီးဆုပ်ကို ရှေ့မှာထားကာ မတ်တပ်ရပ်ပြီး အရိုအသေပြုသည်.. ထို့နောက်ပြုံးကာ "ချင်ဂိုဏ်းချုပ် အကြောင်း ကျွန်တော် ကြားဖူးနေတာကြာပါပြီ အခုတကယ်တွေ့ရတော့မှ နားလည်သွားတယ်...နဂါးလဲ သင် ဇာမဏီလဲ သင်ပါပဲ"

ချန်လင် နှုတ်ခမ်းနှစ်ခုကို ဖိလိုက်သည်..နှုတ်ချိုချက်ပဲ.. ကြည့်လိုက်တာနဲ့ ဉာဏ်များတဲ့ လူဆိုတာသိသာတယ်..

"ဒါက ရှန်သခင်လေးလား မသိဘူး" ကျုချင်းလန်ကမေးသည်..

ငါက ရှောင်၀ူ ဘက်ကနေမှာ ဆိုသည့် စိတ်ဖြင့် ချန်လင်က သူ့ကို ခပ်ချေချေ တချက်ကြည့်ကာ ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်သည်..

"ချင်ဂိုဏ်းချုပ်နဲ့ တကယ်ကိုလိုက်ဖက်ညီပါပေတယ် " သူက ချီးမွမ်းသည်..

ချန်လင် ပိုလို့ပင် သောက်မြင်ကတ်သွားသည်.. မင်းကြီးတော်ကို လိုက်ဖက်ညီပါလား..

"ဟွာထန်က မင်း အရိပ်ဂိုဏ်းမှာခိုလှုံချင်တယ်လို့ပြောတယ်" ချင်ရှောင်ယွီက ဆိုသည်..

ကျုချင်းလန်က ခေါင်းညိတ်ကာ "ဂိုဏ်းချုပ်သာ ခွင့်ပြုမယ်ဆိုရင် ကျေးဇူးတစ်သက်မမေ့ပါဘူး"

"အကြောင်းပြချက်က ဘာလဲ" ချင်ရှောင်ယွီက မေးသည်..

ကျုချင်းလန်က မဆိုင်းမတွဘဲ ပြန်ဖြေသည်.. "ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ငယ်ငယ်ကတည်းက ချင်ဂိုဏ်းချုပ်ကို လေးစားခဲ့တာ မို့လို့ပါ"

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now