🌷11🖤

2.4K 63 0
                                    

Uni

ရွာရဲ့အခြေနေမငြိမ်မသက်ဖြစ်လာတာကြောင့် အာသာတစ်ယောက်အိမ်မှာနေချိန်တောင်မရှိတော့ပေ။

"အော့!"

"အဆင်ပြေရဲ့လား ကြင်ယာတော်.."

ဟီနာက ဘာအနံ့မှ ခံလို့မရပဲ ဆက်တိုက်အန်နေတာကြာင့် အစေခံမလေးက ပျာယာခတ်နေတော့သည်။

"ဟာ့.."

"ရေသောက်လိုက်ပါအုံး ကြင်ယာတော်.."

အစေခံမလေးက ရေတိုက်လိုက်သည်။

ဟီနာက အလွန်ပင်ပန်းနွမ်းနယ်သလိုခံစားနေရကာ အိပ်ပဲ့အိပ်ချင်နေတော့သည်။

"ကြင်ယာတော် ခနလှဲနေလိုက်ပါ သမားတော်သွားခေါ်လာခဲ့ပါ့မယ်"

အစေခံမလေးက ထိုသို့ပြောကာ အမြန်ပြေးထွက်သွားသည်။

ခနအကြာမှာတော့ အာသာအရင် ရောက်လာခဲ့သည်။

"ဟီနာ ဘယ်လိုဖြစ်တာလဲ "

အာသာက အစေခံမလေးနဲ့လမ်းမှာတွေ့ခဲ့တာကြောင့် ဖြစ်စဉ်ကိုသိသွားသည်။

"အာသာ.."

"အင်း..ကိုယ်ရှိတယ် ဘာမှမဖြစ်ဘူးနော် စိတ်အေးအေးထား သမားတော်လာလိမ့်မယ်.."

အာသာက ဟီနာလက်ကိုဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။

ဟီနာကမဖြေပဲခေါင်းသာငြိမ့်ပြလိုက်ရသည်။ သူတကယ်နေလို့မကောင်းပေ။

"ကြင်ယာတော်မှာကိုယ်ဝန်ရှိနေတာပါခေါင်းဆောင်"

"ဘယ်လို တကယ်လား!"

"ဟုတ်ပါတယ် ကြင်ယာတော်က ဒွိလိင်မို့ ကိုယ်ဝန်ဆောင်နိုင်တာဖြစ်ပါလိမ့်မယ်"

အာသာက အပျော်လွန်ကာ ပါးစပ်ပင်မစိနိုင်တော့ပေ။ ဟီနာ အနားကိုလည်းကပ်ကာ သမားတော်ရှေ့ပင် နမ်းလိုက်သေးသည်။

ဟီနာက ကြောင်တောင်တောင်ဖြစ်နေပာ စကားပင်မပြောနိုင်တော့။

'ငါ့မှာကိုယ်ဝန်နဲ့လား!'

"အဟွန့်..ကျွန်တော်မျိုး..ကြင်ယာတော်ဝေဒနာသက်သာအောင်ဆေးပေးခဲ့ပါ့မယ်"

"ကောင်းပြီ.."

အကုန်ထွက်သွားကြသည်နှင့် အခန်းထဲ လင်မယားနှစ်ယောက်သာကျန်ခဲ့သည်။

My Little Wife Onde histórias criam vida. Descubra agora