Part - 20 ❤️🩺

1.1K 43 4
                                    

(Unicode)

"ဟော ဟိုမှာ သူဇာရောက်လာပြီ"

"ဆောရီး မျိုးရေ တို့နောက်ကျသွားတယ်"

"ရပါတယ်ရှင် စုလေးပါပါတာပဲ"

"ဟုတ်တယ်လေ တို့က တို့ချစ်သူလေးကို သွားလေရာခေါ်တာ"

"ဘယ်လို......."

"ဒါဆို မသူဇာသွယ်က စုနဲ့............."

သူဇာသွယ့် စကားကြောင့် မျိုးနဲ့နဒီမောင်အံ့ဩသွားသည်။

"ဟုတ်ပါတယ်ရှင် ကျွန်မကလေးမက ကျွန်မအပိုင်ဖြစ်သွားပါပြီရှင်"

"အပျိုကြီးသူဇာ Congratulations ပါ"

"ကျေးဇူးပါရှင်....."

"အဲ့တာဆို မသူဇာသွယ် နဒီတို့ကိုကျွေးလိုက်တော့ ဒီလောက်ချစ်ဖို့ကောင်းတဲ့ ချစ်သူလေးရထားတာ"

"ဘာလဲ......မောင်က သူများချစ်သူကို ချစ်ဖို့ကောင်းတယ်ပြောနေတယ်ပေါ့လေ"

"မျိုးကလဲ.........မောင်က သဘောရိုးပြောတာပါ.....ဒါနဲ့ ဘယ်သူက T လဲဟင်..."

"အယ်......အဲ့တာက"

သူဇာသွယ် စု့ဆီကိုအကြည့်ရောက်သွားသည်။ရှက်သွားလို့လားမသိ စုရဲ့မျက်နှာလေးသည် ပန်းနုရောင်လေးသမ်းနေလေပြီ။

"မောင်ရယ် သူများအတွဲကိုမေးမနေပါနဲ့တော့.........သူဇာစိတ်ထဲမထားနဲ့တော့ မှာထားတဲ့ဟင်းပွဲတွေရောက်လာပြီ စားကြရအောင်"
.
.
.
သူဇာသွယ်တို့ကတော့ စကားလက်ဆုံကျနေတဲ့အချိန် တိတ်ဆိတ်နေသူကတော့ စုတစ်ယောက်သာ။ဒါကို သူဇာသွယ်သတိထားမိသွားပြီး

"ကလေးမ နေမကောင်းလို့လား"

"ကောင်းပါတယ် မရဲ့ နည်းနည်းခေါင်းမူးသလိုဖြစ်နေလို့"

"ဟော.......ဒီကလေးမကတော့ ခေါင်းမူနေတာကို စောစောကမပြောဘူး"

"သူဇာရယ် စုက အားနာလို့နေမှာ......သူဇာတို့ပြန်ရင်ပြန်တော့လေ တို့လဲပြန်တော့မယ်"

"အဲ့တာဆို ပြန်တော့မယ်လေ နောက်ရက်ဆုံတာပေါ့"

"ဟုတ်ပါပြီ စုကိုဂရုစိုက်လိုက်ဦးနော်"

သူဇာသွယ်တို့ အတွဲ မျိုးနဲ့နဒီမောင်တို့ကိုနှုတ်ဆက်ပြီး အိမ်သို့ပြန်လာလိုက်သည်။
.
.
.
.
.
"ကလေးမ အိပ်ယာပေါ်ခဏလှဲနေနော် ဂျူဂျူကိုဖုန်းဆက်ပြီး ဒီမှာအိပ်ဖြစ်မယ်လို့ပြောလိုက်ဦးမယ်"

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now