Part-4

2 0 0
                                    

Daeက ကျွန်တော့်အိမ်ကိုပြန်လိုက်ပို့ပေးခဲ့သည်။ မပြန်မချင်း ကျွန်တော့်ကို ကလေးတစ်ယောက်လို တတွတ်တွတ်မှာနေသေးသည်။ ကျွန်တော်လည်းစိတ်အစဥ်တို့ လွင့်မျောလျက်အိပ်ခန်းအတွင်းသို့သာ တန်းဝင်လာလိုက်တော့သည်။

စိတ်ထဲမေ့ပစ်ဖို့ကြိုးစားကြည့်သော်လည်း ကျွန်တော့်မျက်လုံးထဲမှာ ထိုအမျိုးသမီးကို ကြည့်နေတဲ့ကိုကို့အကြည့်တွေက နေရာယူလာပြန်သည်။ ထိုအမျိုးသမီးဟာအ‌ပေါ်ယံအမြင်မှာတင်ကိုပြီးပြည့်စုံလွန်းသည်။ ယောကျာ်းတိုင်း စွဲမက်လောက်တဲ့ ခန္တာကိုယ်သွယ်သွယ်လျလျလေး၊ စိတ်အစဥ်တို့ငြိမ်းချမ်းစေရာ အပြုံးချိုချိုလေး၊ စသည့်အချက်များကို ထိုအမျိုးသမီးက ပိုင်ဆိုင်ထားလေသည်။ တစ်နည်းအားဖြင့်ဆိုရသော် ကိုကိုလိုချင်သည့် အနာဂတ်အမျိုးသမီးလောင်း၏ အချက်လေးတွေဖြစ်သည်။ ကျွန်တော်ဘယ်လိုယှဥ်နိုင်ပါမည်နည်း။

ခေါင်းအုံးထဲကို မျက်နှာအပ်၍ ရှုံးပွဲချငိုမိသည်။ ပထမဦးဆုံးအကြိမ် အချစ်ကြောင့်အသည်းကွဲခြင်းဟု အဓိပ္ပာယ်ဆိုရအောင်လည်း ကိုကိုနဲ့ကျွန်တော်ရဲ့ ဆက်ဆံရေးသည် နိမ့်လွန်းနေသေးသည်မဟုတ်ပါလား။ ဘယ်လိုပဲအဓိပ္ပာယ်ဆိုဆို ရင်ကွဲမတက်ခံစားရသည်မှာတော့ သေချာသည်။

~~~~~~~~~

ကျွန်တော်အိမ်ပြန်ရောက်တော့ Riအတွက်ဝယ်လာခဲ့တဲ့မုန့်တွေကိုရေခဲသေတ္တာထဲထည့်ကာ ရေမိုးချိုးလိုက်သည်။ ထို့နောက် ထိုကောင်လေးမလာခင် အခန်းထဲမှာတင် သီချင်းထိုင်ရေးရန်ဆုံးဖြတ်လိုက်သည်။ နောက်ပြီးကျရင် " ကိုကို " " ကိုကို " ဟုဆိုကာ အသံတစ်ဆာဆာ နှင့် ဝင်လာမည့် ထိုကောင်လေးကိုတွေးကာ ကျွန်တော်ပြုံးမိသွားသည်။

ခံစားချက်တွေကို သီချင်းစာသားအဖြစ်ချရေးလိုက်တော့ ကျေနပ်စရာကောင်းတဲ့ စာသားလေးတွေထွက်လို့လာသည်။ ကျွန်တော် သူမကိုတွေးရင်း ဖျစ်ညှစ် ထားတဲ့စာသားလေးတွေပါ။ တစ်ချက်တစ်ချက် Ri ဆိုတဲ့ကောင်လေး အတွေးထဲရောက်လာတာကလွဲလို့ပေါ့။ ဘယ်သူ့ကိုရည်ညွှန်းမိမှန်း မသေချာသလို ဘယ်သူ့အတွက်ကြောင့်ဒီလိုစာသားတွေ ဖြစ်လာသလဲဆိုတာလည်း မသိတော့ချေ။ သူမကြောင့်ပဲလား။ Ri ဆိုတဲ့ကောင်လေးကြောင့်ပဲလား။

You've reached the end of published parts.

⏰ Last updated: May 17 ⏰

Add this story to your Library to get notified about new parts!

A man like a daisyWhere stories live. Discover now