Part-1

34 3 0
                                    

Jiyong တစ်ယောက်ဒီနေ့ ကျောင်းပိတ်တာမို့အိမ်ထဲမှာတင် သောင်တင်နေသည်။ အပြင်ကလည်းမထွက်ချင်တာမို့ ခြံထဲဆင်းပြီးသီချင်းနားထောင်ရန် ဆုံးဖြတ်လိုက်သည်။ ခြံဝန်းအကျယ်ကြီးထဲမှာ  တစ်ယောက်ထဲနေရတာ အရမ်းကိုအထီးကျန်ဆန်လွန်းတယ်ဆိုပေမဲ့ သူသိပ်ချစ်တဲ့ သီချင်းလေးတွေကသူ့ကိုအဖော်ပြုပေးသည်။ ရပါပြီ။ လုံလောက်ပြီမဟုတ်ပါလား။ ကျွန်တော်ဟာ introvert တစ်ယောက်ပီီပီ တစ်ယောက်ထဲနေရတာကိုအလွန်ကြိုက်နှစ်သက်ပါသည်။ တစ်ခါတစ်လေ သီချင်းလေးတွေ ညီးနေတတ်သည်။ တစ်ခါတစ်လေကျတော့လည်း ခေါင်းထဲမှာပေါ်လာသမျှ သီချင်းစာသားအဖြစ် ခပ်သော့သော့လက်ရေးလေးတွေနဲ့ချရေးတတ်သေးသည်။ သီးသန့်အခန်းလေးထဲမှာ ပန်းချီဆွဲရတာကိုလည်းကြိုက်နှစ်သက်ပါသည်။ ထိုမျှလောက် အထီးကျန်ဆန်တဲ့ကျွန်တော့်မှာ အနုပညာကလွဲရင် အဖော်ပြုစရာမရှိပါ။

Jiyong ခြံထဲကိုဆင်းလာလိုက်သည်။ ထိုင်နေကျဖြစ်တဲ့သစ်သားခုံလေးပေါ်မှာ ကျွန်တော့်လက်ရာ အနုပညာလေးတွေက အစီအရီရှိလို့နေသည်။ ရှေ့မှာရှိနေတဲ့စားပွဲခုံလေးပေါ်မှာလည်း ဒေစီပန်းပုံ ဆေးရောင်လေးတွေက အကျအန နေရာယူလျက်ရှိသည်။ Jiyong ခုံလေးပေါ်ကိုထိုင်ရင်း နားကျပ်တပ်ကာ သီချင်းနားထောင်ရန်ပြင်လိုက်သည်။ သီချင်းနားထောင်ရင်းစာသားလေးတွေထွက်လို့ထွက်ငြား စားပွဲပေါ်မှာ ကျွန်တော်ရေးလက်စသီချင်းစာအုပ်လေးကိုတင်ထားလိုက်သည်။ သေချာပါတယ် ကျွန်တော်နားထောင်မဲ့သီချင်းဟာ မနေ့က ကျွန်တော်နားထောင်ခဲ့တဲ့သီချင်းပဲဖြစ်လိမ့်မည်။ ကျွန်တော်ဟာသီချင်းတစ်ပုဒ်ကိုကြိုက်မိပြီဆိုရင် ထပ်ခါတစ်လဲလဲ နားထောင်တတ်တဲ့အကျင့်ရှိသည်။ တစ်လလောက်ကတော့ထိုသီချင်းကိုပဲထပ်ခါတစ်လဲလဲ နားထောင်ဖြစ်တော့မည်ဖြစ်သည်။

" ဘုတ် "

Jiyong သီချင်းနားထောင်နေရင်း အသံကြားလို့လှည့်ကြည့်လိုက်တော့ ဘောလုံးတစ်လုံးက သူ့‌ခြေထောက်နားကိုတဖြည်းဖြည်းချင်းလိမ့်လို့လာသည်။ ဘေးဘီကိုကြည့်လိုက်တော့ ခြံပေါက်ဝမှာ ကောင်လေးတစ်ယောက် ခြေဖျားလေးထောက်ကာ ခြံထဲကို မမှီမကမ်း လှမ်းကြည့်လို့နေသည်။ ကျွန်တော်လည်း ဘောလုံးကိုကောက်ကာ ထိုကောင်လေးဆီ လျှောက်သွားလိုက်သည်။ ထိုကောင်လေးမျက်လုံးလေးများဝိုင်းလျက် ပြူးပြူးလေးကြည့်နေပုံမှာ အလွန်ပင်ချစ်စရာကောင်းလှသည်။

A man like a daisyWhere stories live. Discover now