"မင်းကလွဲပြီး.....ငါ့အတွက် ဘာမှအရေးကြီးဘူး"

"........"

ထိုစကားက ကမ္ဘာ့ရင်ထဲတစ်နေရာကို သိပ့်ခနဲဖြစ်သွားစေသည်။

ဒုတ်! ဒုတ်! ဒုတ်!

WTF!!ကမ္ဘာထွဋ်ခေါင် မင်းဘာတြွေဖစ်နေတာလဲ!!

"ကမ္ဘာ!မင်း!!"

"ဟို!...အမ်....ငါဆန်ပြုတ်သွားထည့်လိုက်အုံးမယ်!"

ကမ္ဘာက ဆတ်ခနဲ ထသွားကာ အခန်းထဲမှာချိတ်ထားခဲ့သည့် ဆန်ပြုတ်အိတ်အား ယူကာ ထွက်သွားသည်။

ကဗျာမှာတော့ အပြုံးလှလှတစ်ခုနှင့်သာကျန်နေခဲ့သည်။
တစ်ချိန်တည်းမှာပဲ ထိုအပြုံးက ချက်ချင်းဆိုသလို မှေးမှိန်ကာ ပျောက်ကွယ်သွားသည်။

အများကြီးမပျော်ရဲဖူး.....ကိုယ်ပျော်ပြီဆို...၀မ်းနည်းစရာတွေက ရောက်ရောက်လာတတ်လို့။

>>>>>>>>>>>>>>>

"မာမီ!....ဘယ်တုန်းကပြန်ရောက်နေတာလဲ!"

တော်ဝင် ၀ယ်ထားတဲ့ ကွန်ဒိုမှာပဲ ပြန်အိပ့်ကာအိမ်မှမအိပ့်တာ ၂ရက်ရှိပြီဖြစ်သည်။
ဒီနေ့လဲ ပြန်လာဖို့စိတ်ကူးမရှိပါ။သို့ပေမဲ့ fileအချို့ယူစရာကျန်နေခဲ့တာမို့ အိမ်ကိုပြန်လာခဲ့ရပြန်သည်။
အိမ်ထဲဝင်ဝင်လာချင်း ဆိုဖာပေါ်မှာ macbookနှင့် အလုပ်ရှုပ်နေသော မာမီ့ကိုတွေ့သည်မို့ တော်ဝင်အံ့သြသွားရသည်။
US ကပြန်လာပြန်ပြီလား!

"အဟွန့်!၂ရက်လောက် အိမ်မကပ်ပဲနဲ့ ဘယ်တုန်းကပြန်ရောက်လဲလာမေးနေတယ်"

မာမီက macbookမှာသာ အကြည့်ထားကာ တော်ဝင့်ကို ဘောက်ဆတ်ဆတ်ပြန်ဖြေသည်။

"ကျွန်တော် ဒီလထဲမှာ projectတစ်ခုအပြီးသတ်စရာရှိလို့...အဲ့ကြောင့် ကုမ္ပဏီနဲ့ နီးတဲ့ သားကွန်ဒိုမှာပဲ နေဖြစ်နေလို့ပါ"

မာမီက အပြင်မှာ အိပ့်တာမကြိုက်ပါ။စောဝဿုန်ညိုတစ်ယောက်ကလွဲပြီးသူငယ်ချင်းတောင်မရှိခဲ့ဖူးသည်မှာ ယနေ့အထိဖြစ်သည်။မာမီက ငယ်ငယ်တည်းက တော်ဝင့်အပေါ်မှာ တင်းကြပ်လွန်းသည်။ကုန်ကုန်ပြောရရင် သူငယ်ချင်းတောင် ပေးမထားပါ။တော်ဝင်၆နှစ်သားအရွယ်လောက်မှာတော့ ဒယ်ဒီ့က သူ့သူငယ်ချင်း၏သားဖြစ်သူစောဝဿုန်ညိုနှင့် မိတ်ဆတ်ပေးလို့ တစ်ယောက်တည်းသော သူငယ်ချင်းကို ရခဲ့ခြင်းဖြစ်သည်။
ဒါတောင် မာမီက ဒယ်ဒီ့ကို မိတ်ဆတ်ပေးရမလားဆိုပြီးတော့တောင် ရန်ရှာကာ အချင်းများခဲ့ကြသေးသည်။

My Possessive LovelyWhere stories live. Discover now