ရွှယ်လင်၏လက်က ခေတ္တရပ်သွားကာ သူအဘယ့်ကြောင့် ဤမျှအထိ ဂရုစိုက်​နေသည်ကို အံ့သြသွားပြီး မော့ကြည့်လိုက်သည်။ သို့​သော် သူ့ကိုမေးလာခြင်း​ဖြစ်၍ ပြန်​ဖြေလိုက်သည်။

"အဓိကဇာတ်ဆောင်အဖြစ် ကျွန်တော်ကိုယ်တိုင် ဝင်သရုပ်​ဆောင်ချင်တယ်... အချိန်ကျရင် တခြားသရုပ်ဆောင်တွေကို စစ်​ဆေးရှာ​ဖွေဖို့လုပ်မှာပါ... အစ်ကိုကြီးရဲ့ ကုမ္ပဏီမှာ သရုပ်ဆောင်တွေ အများကြီးတော့ ကျွန်​တော်လိုချင်တဲ့သူကို ရှာ​တွေ့မှာပါ..."

"​မြေးက အဓိကဇာတ်ဆောင်ဖြစ်ချင်တာလား..."

သူက အဘိုးအို၏အာရုံစိုက်မှုကို ဆွဲ​ဆောင်နိုင်ခဲ့သည်။

"​မြေးက သရုပ်​ဆောင်ဖို့ လိုအပ်လို့လား..."

ရွှယ်လင် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ ရုပ်ရှင်ရိုက်တာထက် ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲကို ဝင်ချင်လို့ ဒီတစ်ခေါက် ပြန်လာခဲ့တာ..."

ထိုသို့ပြောလိုက်ချိန်တွင် သူ့မျက်နှာက အပြစ်ကင်းစင်မှုများနှင့် ပြည့်နှက်​နေသည်။ အဘိုးအိုက ထိုစကားကိုကြားသောအခါ တစ်ခုခုပြောချင်သော်လည်း ပိုင်ယွဲ့၏ အပြစ်ကင်းသော မျက်လုံးများက သူ့ကို ခေတ္တမျှရပ်တန့်သွားစေခဲ့သည်။

"ယွဲ့​လေး..."

အဘိုးအိုက အလွန်အလေးအနက်ထားကာ ​ပြောလာသည်။

"ဖျော်ဖြေရေးအသိုင်းအဝိုင်းက သန့်ရှင်းတဲ့နေရာမဟုတ်ဘူး... ​မြေး သွားပြီး ရုပ်ရှင်ရိုက်ချင်ရင် ​​မြေးရဲ့အစ်ကိုက ​မြေးကိုကာကွယ်ပေးနိုင်တယ်... ​နောက်ပြီး အဖိုးလည်း စိတ်ပူမှာမဟုတ်ဘူး... ဒါ​ပေမဲ့ မြေးက ဇာတ်ကားတစ်ကားရိုက်ပြီး သရုပ်ဆောင်လုပ်ချင်ရင်​တော့..."

သူ မည်သို့ဆက်​ပြောရမည်ကို စဉ်းစားနေ​သော်လည်း ရွှယ်လင်က ဦးစွာစကားစလိုက်သည်။

"ကျွန်​တော် သရုပ်ဆောင်ဖြစ်လာရင် အစ်ကိုကြီးက ကျွန်တော့်ကို မကာကွယ်ပေးနိုင်ဘူးလား..."

သခင်ကြီးပိုင်က စိတ်ရှုပ်​ထွေးစွာဖြင့် ကြည့်လိုက်သည်။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!حيث تعيش القصص. اكتشف الآن