အပိုင်း(၁)

369 13 0
                                    

Unicode

အဲ့ဒီနေ့ကပေါ့။ခပ်လှလှ နွေဦးရာသီလေးမှာ ငါဟာအစ်ကို့ဆိုတဲ့အမျိုးသားငယ်လေးကို အမှတ်မထင်ပါဘဲတွေ့ရှိခဲ့တယ်။တစ်ချိန်တည်းမှာပဲ ငါ့ရဲ့နှလုံးသားနက်နက်အထိ အမြစ်တွယ်သွားခဲ့တယ်။ဒါကို ငါဟာ အဲ့ဒီအချိန်ကမသိခဲ့ဘူး။သာမန် စိတ်ဝင်စားမှု‌ေလးတစ်ခုပဲလို့ထင်ခဲ့မိတာ။ဒါပေမဲ့လည်း အဲ့ဒီအချိန်ကတည်းငါဟာ အစ်ကို့ကိုပိုင်ဆိုင်ရဖို့ဆန္ဒရှိနေခဲ့တယ်။အခုထိလည်း ဆန္ဒရှိနေဆဲပဲ။

ငါသတ်မှတ်ထားတယ်။အစ်ကိုဟာငါပိုင်ဆိုင်ရမဲ့ ကြယ်လေးတစ်လုံးဆိုတာကို။

ပထမဆုံးတွေ့ဆုံမှုမှာတင် ငါဟာ အစ်ကို့ရဲ့မျက်ဝန်းနက်နက်တွေကို ပထမဆုံးကြည့်ခဲ့မိတယ်။ပြုံးသယောင်သမ်းနေတဲ့ အစ်ကို့ရဲ့မျက်လုံးနက်နက်လေးတွေဟာ အဲ့ဒီအချိန်ကတည်းက ငါ့နှလုံးသားထဲမှာ နေရာယူမှန်းမသိနေရာယူသွားခဲ့တာ ယနေ့အထိ‌ပေါ့။

အစ်ကိုကငါချစ်တဲ့နွေဦးရာသီလေးတစ်ခုနှယ်တူလွန်းတယ်။အစ်ကိုနဲ့ပထမဆုံးတွေ့ဆုံမှုမှာတင် အစ်ကို့ဆီက နွေးထွေးတဲ့ခံစားချက်တွေကိုငါရခဲ့တယ်။
သေချာတယ်။အစ်ကိုဟာ ငါ့ရဲ့နွေဦးလေးပါပဲ။

အစ်ကိုကနွေဦးမှာပွင့်တဲ့ ပန်းဝါဝါလေးတွေလိုပဲ နူးညံ့သိမ်မွေ့တယ်။လှပတယ်။နှစ်လိုဖွယ်ကောင်းနေပြန်တယ်။ ယောက်ျားတစ်ယောက်ကို လှပတယ်လို့တင်စားလို့ရနိုင်မလားငါမသိဘူး။သေချာတာကတော့ အစ်ကိုဟာ သိပ်ကိုလှပလွန်းတဲ့အမျိုးသားလေးဖြစ်တယ်ဆိုတာကိုတော့လက်ခံရမယ်။

ဆံပင်အုပ်အုပ်လေးနဲ့အစ်ကို။အသားဖြူဖြူလေးနဲ့အစ်ကို။မျက်ခုံးထူထူ၊ မျက်ဝန်းနက်နက်လေးတွေနဲ့ အစ်ကိုဟာ ငါ့အတွက်တော့ သိပ်ကိုလှပလွန်းတာပဲ။

ခပ်အေးအေးလေးနေတတ်တဲ့အစ်ကိုဟာ အရယ်အပြုံးလည်းနည်းလွန်းတယ်။စိတ်လိုလက်ရနဲ့ အစ်ကိုပြုံးလိုက်တဲ့ ရှားရှားပါးပါးအခိုက်အတန့်လေးတွေက ကမ္ဘာပေါ်မှာပန်းတွေ‌ဝေဝေဆာဆာပွင့်သွားသလိုပဲ။
ငါ့အတွက်တော့ အစ်ကိုဟာပန်းတွေပွင့်စေခဲ့တဲ့သူပဲ။
ငါဟာ အစ်ကို့အပြုံးလှလှလေးတွေကိုမျက်လုံးထဲကထုတ်လို့မရခဲ့ဘူး။

 အစ်ကို(သို့)ချစ်ရတဲ့....Where stories live. Discover now