အပိုင်း(၈၈)

Start from the beginning
                                    

“ဒါတွေက မြက်တွေ မဟုတ်ပါဘူး။ စားလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေပါ” ယွမ်ကျိုးက ခိုင်မာသော လေသံဖြင့် ပြောဆိုသည်။

“သူဌေးယွမ်၊ ခင်ဗျားက ဒီအရွက်ဟင်းထဲ ဘာမှ ထပ်မထည့်ထားဘူးမလား။ မချက်ပြုတ်ဘဲ ကျုပ်တို့ စားပွဲဝိုင်းဆီ လာချပေးတာတော့ မဟုတ်ပါဘူးနော်”
ရေဘဝဲက မယုံသင်္ကာဟန်ဖြင့် မေးမြန်းသည်။

ကြော်ထားသော အငွေ့အသက် နှင့် ဟင်းခတ်အမွှေးအကြိုင်များ ထည့်ထားသော အရိပ်အယောင်ကို မမြင်တွေ့ရပေ။ အဖြူရောင် ပန်းကန်ပြားပေါ်ရှိ ပန်းချီဆွဲထားသော ငါးပုံလေးများမှ လွဲ၍ အရည်တစ်စက်မှပင် မမြင်တွေ့ရချေ။

မချက်ပြုတ်ထားသော အရွက်များက အရသာရှိသည့်တိုင် သူ့အကြိုက် မဟုတ်ပေ။

“မင်းက မချက်ပြုတ်ထားတဲ့ အရွက်တွေကို မစားဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒါက သူဌေးယွမ်ရဲ့စားသောက်ဆိုင်လေ” လင်းဟုန်က ရေရွတ်သည်။

“ဒါက မချက်ပြုတ်ထားတဲ့ အရွက်တွေ မဟုတ်ပါဘူး။ ကြော်ထားပြီသားပါ” ယွမ်ကျိုးက အချိန်မီပြောသည်။

“တကယ်လား” ရေဘဝဲက မယုံသင်္ကာဟန်ဖြင့် ထပ်မံ မေးမြန်းသည်။

ယွမ်ကျိုးက စကားတစ်ခွန်းမှ ဆက်မပြောဘဲ စားကြည့်လျှင် နားလည်သွားမည်ဟု အချက်ပြသည်။

ဘေးဘက်မှာထိုင်နေသော Tankက တူကို ကောက်ယူလိုက်ပြီး အပိုင်းအစနှစ်ဖက်ကို ပါးစပ်ထဲ ထည့်လိုက်သည်။

လတ်ဆတ်ပြီး အဆင်ပြေချောမွေ့သော ခံစားချက်က သူ့ခံတွင်းထဲ ပြည့်သွားသည်။

“အရသာက တကယ်မိုက်တယ်” ကျီလျန်က သူ့အတွေးကို ထုတ်ပြောသည်။

“ရေဘဝဲ မင်းလည်း စားကြည့်ဦး” လင်းဟုန်က အင်တင်တင်ဖြစ်နေသော သူ့သူငယ်ချင်းကို အသိပေးသည်။

ရေဘဝဲက ဘေးဘယ်ညာ ကြည့်လိုက်ပြီး သူငယ်ချင်းများ၏ အခြေအနေကို အကဲခတ်လိုက်သည်။

တစ်ကိုက်စားကြည့်ပြီးနောက် သူတို့ သူငယ်ချင်း ၄ယောက်စလုံးက စားကောင်းသောက်ဖွယ်၏ အရသာထဲ နစ်မြောသွားသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now