အပိုင်း(၈၇)

Start from the beginning
                                    

အရေးကြီးဆုံး စားသုံးသူ ဖောက်သည်က အလွန်ချမ်းသာ‌ကြွယ်ဝသော လင်းဟုန်ဖြစ်သည်။ လက်ဖက်ကြက်ဥ ဈေးနှုန်းက မူလဈေးနှုန်း ဖြစ်သွား၍ လင်းဟုန် ရောက်လာမည့် အချိန်ကို စောင့်မျှော်နေမိသည်။

ယွမ်ကျိုးက အစားအသောက်များကို နုပ်နုပ်စင်းရာတွင် ကျွမ်းကျင်သော်လည်း လှပအောင် ပုံဖော်ရာတွင် အားနည်းချက် ရှိသည်။

ဖီးနစ်ငှက်အမြီးပုံစံပုစွန်ဟင်းကို ပြင်ဆင်ရန် အမြီးကို ဖီးနက်ငှက်အမြီးဖြစ်အောင် ပုံဖော်ပေးရမည်။ ချက်ပြုတ်ရာတွင် အပူချိန် ထိန်းချုပ်ခြင်းက သူ့အတွက် ပြဿနာ မဟုတ်သော်လည်း အရေးကြီးဆုံး အပိုင်းက လှ‌ပအောင် ပုံဖော်ပြင်ဆင်ရသည့် အနုပညာရပ်ဖြစ်သည်။

ယွမ်ကျိုးက ဤပြဿနာရပ်အားလုံးကို အစောပိုင်းတည်းက သတိမပြုမိခဲ့ပေ။ အဘိုးအိုက ကျင်းလင်မြက်ဟင်းပွဲကို အော်ဒါတင်စဉ် စနစ်က ယာယီမစ်ရှင် သတိပေးခြင်း ဖြစ်သည်။

စနစ်က ဖော်ပြသည်။
"ဆိုင်ရှင်က အစားအသောက် ပုံဖော်တဲ့ ပညာရပ်မှာ မကျွမ်းကျင်သေးလို့ ဖီးနစ်အမြီးပုစွန်ဟင်းက ယခုတော့ ရောင်းချခွင့် မရှိသေးပါဘူး။ ယာယီမစ်ရှင်ကို ခဏနေရင် ထုတ်ပြန်ပေးပါမယ်"

[ယာယီမစ်ရှင်] နှစ်ရက်အတွင်းမှာ လက်ဖက်ကြက်ဥ‌ ၁၀ပွဲကို မူလဈေးနှုန်းဖြင့် ရောင်းချပေးပါ]

(လက်ဖက်ကြက်ဥ ၁၀ပွဲကို မူလဈေးနှုန်းအတိုင်း ရောင်းချနိုင်မှာသာ တကယ် အရည်အချင်းရှိသူ ဖြစ်နိုင်မယ်)

[ဆုလာဘ်] အလှဆင်ပုံဖော်ခြင်း ကျွမ်းကျင်မှု အလယ်အလတ်အပိုင်း

"စနစ်၊ဒါက ဘာသဘောလဲ။ အထက်ဆင့်တို့ အောက်ဆင့်တို့ ရှိသေးတာလား"ယွမ်ကျိုးက မေးမြန်းသည်။

စနစ်က ဖော်ပြသည်။
"အလှဆင်ပုံဖော်ခြင်းမှာ အထက်အဆင့်၊ အလယ်အလတ်အဆင့် နဲ့ အနိမ့်အဆင့်တို့ ပါဝင်တယ်။ မစ်ရှင်ပြီးမြောက်သွားရင် အလယ်အလတ်အပိုင်းကို ဆုလာဘ်အနေနဲ့ ပေးမယ်"

"တစ်ပိုင်းချင်းစီမှာ ဘာတွေပါဝင်တာလဲ" ယွမ်ကျိုးက ချက်ချင်း မေးမြန်းသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now