“ဖေဖေ...အခုလိုလုပ်လိုက်ရလို့ကျေနပ်သွားပြီလား”
အညို၏ရုတ်တရက်ဆန်သောစကားကြောင့် အားလုံးကအညို့အားဝိုင်း၍ကြည့်နေသည်။အညို့၏စကားမှာပြတ်သားခြင်းအတိရှိ၏။
“မင်းဘာကိုပြောချင်တာလဲ...ဒဲ့ပြောကွ”
“ဟွန့်...ကျွန်တော့်ရဲ့အသည်းနှလုံးကိုအကြိမ်ကြိမ်ခွဲခဲ့ရလို့...ကျွန်တော်ချစ်ရတဲ့သူကိုဒုက္ခပေးရလို့...ကျေနပ်ရဲ့လား”
“မင်းကိုဘယ်သူပြောလိုက်တာလဲ”
“ဘယ်သူပြောပြောပါ...ကျေနပ်တယ်မို့လား...ဖေဖေကိုမော့်ကိုထောင်ချလိုက်ရလို့...အညိုနဲ့ကိုမော်ကိုခွဲလိုက်ရလို့”
“ကျေနပ်တယ်...ကျေနပ်တယ် ငါ့သိက္ခာအတွက်...ဘယ်သူဘာဘဲဖြစ်ဖြစ် ငါ့သိက္ခာကိုမထိလာရင်ပြီးတာဘဲ”
“သိပါတယ်...ဦးမှိုင်းသာဆိုတာ ခင်များကြီးကဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားတာဘဲ...”
“အညို...ကိုယ့်အဖေကိုအဲ့လိုမပြောရဘူးလေ ငရဲကြီးလိမ့်မယ်”
မနွယ်ကဝင်၍ပြောလိုက်ခြင်းဖြစ်သည်။သို့သော်ယခုအချိန်တွင် အညိုတစ်ယောက်နတ်ဆိုးတစ်ကောင်ပူးကပ်သည့်နယ်ရှိနေ၍ မည်သူ့သူကိုမှလူထင်မည်မထင်ရ။
“ခင်များရောဘဲ...မောင်လုပ်တဲ့သူနဲ့ဖြစ်ခဲ့တဲ့သူနဲ့မှယူရတယ်လို့”
“အခုမှအတိတ်ကအကြောင်းတွေပြောမနေနဲ့အညို...ငါနင့်ကိုမင်္ဂလာပွဲကိုဖျက်လိုက်ရမလားမမေးခဲ့ဘူးလားပြော”
မနွယ်ဘေးတွေင်ရပ်နေသောကိုရာဇာက သူစိမ်းမို့ဘာမှဝင်မပြောဘဲ ဗိုက်ကြီးသည်မနွယ်အားဘေးကထိန်းပေနေသည်။မနွယ်၏လေသံသည် ပို၍ကျယ်လာ၏။
“ဒါဆိုဘာလို့...ဘာလို့ဗိုက်ကြီးရတာလဲ...ပြီးတော့အညို့ရှေ့မှာ မျက်နှာပြောင်တိုက်ပြီးဘာလို့လာနေနေရတာလဲ”
“ငါခေါ်လိုက်တာ...ငါ့သမီးကို ငါကိုယ်တိုင်ဒီမှာလာနေဖို့ပြောလိုက်တာ”
မေမေသည် ရုတ်တရက်ဆန်စွာအညို၏စကားအားဖျက်၍ပြောလာခဲ့သည်။
“ခင်များကောဘဲ သားတစ်ယောက်အနေနဲ့ အညို့ကို...အညို့ကိုသက်မှတ်ခဲ့လား...ပြီးတော့အမတွေနဲ့ကောတန်းတူဆက်ဆံခဲ့လို့လား”
“အညို...နင်မေမေကိုမစော်ကားနဲ့...နင်...နင်အပြစ်ကြီးလိမ်မယ်”
“အပြစ်လည်းမကြောက်ဘူး...အနစ်လည်းမကြောက်ဘူး...နင်ကကောဘာထူးလဲ အငယ်ဆိုအမြဲအနိုင်ကျင့်ခဲ့တယ်...နင်ဝဠ်မလည်ပါစေနဲ့”
ဖြန်း!
ပါးပေါ်သို့ရုတ်တရက်ဆန်စွာကျရောက်လာသော အားကြောင့်အညိုကြမ်းပြင်ပေါ်သို့ခွေခွေလေးလဲကျသွားရ၏။လဲကျနေရာမှမော့ကြည့်သောအခါ အညို့အားရိုက်လိုက်သူကြောင့်အညိုပို၍လန့်သွားရ၏။
“အဘိုးနဲ့အဒေါ်တွေကို စော်ကားချင်တိုင်းစော်ကားရအောင်ထိ မင်းမရိုင်းသင့်ဘူး”
မမြိုင်၏ပြောကြားချက်ကြောင့် အညို့ရင်ထဲဒိန်းကတည်းဖြစ်သွားရ၏။အဘိုးနဲ့အဒေါ်...
“ငါအခုအမေတစ်ယောက်အနေနဲ့ ဆုံးမဖို့အချိန်ဘဲ...အေး ငါကတော့အစကဖတစ်ဆိုးလေးဆိုပြီး ဖေဖေနဲ့မေမေကို အလိုလိုက်ပေးဖို့ပြောခဲ့တာ...အခုတော့နင်က အလိုလိုက်အမိုက်စော်ကားလိုက်တာဘဲ”
အညို့ကိုယ်၌သွေးက
“မဟုတ်ဘူး...မဟုတ်ဘူး...မမြိုင်ကအညို့အမေမဟုတ်ဘူး”အညိုတစ်ယောက်သူ၏နားအားအုပ်ကာ အရူးတစ်ယောက်ပမာအော်နေလေသည်။မျက်လုံးများသည်မှိတ်ထားသော်လည်း မျက်ရည်များသည်မှိတ်ထားသည့်ကြားမှစီးဆင်းလာသည်။
အညိုထိုနေရာတွင် ထိုင်မနေချင်တော့ အညိုဒီနေရာနှင့်အဝေးဆုံးကိုပြေးထွက်သွားချင်မိ၏။ထို့ကြောင့်ကြမ်းပြင်ပေါ်မှ မရှိရှိသည့်အားနှင့်အားယူထကာ ဧည့်ခန်းထဲမှပြေးထွက်လိုက်မိ၏။
အညိုခြံနားသို့အရောက်တွင် အညို့ခေါင်းပေါ်သို့အားတစ်ခုကျရောက်လာပြီး အညိုထိုနေရာမှာပင် ကမ္ဘာကြီးနှင့်အဆက်အသွယ်ပြတ်သွားလေသည်။
30.4.24
မထင်ထားတဲ့စပရိုက်တိုက်လိုက်တာဘယ်လိုနေကြလဲဟင်🥹
မမြိုင်အညို့အပေါ်ကောင်းခဲ့တာတွေ၊ချစ်ခဲ့တာတွေက အမတစ်ယောက်အနေနဲ့မဟုတ်ဘဲ၊အမေတစ်ယောက်အနေနဲ့ဖြစ်နေတာ
upလေးမြန်မြန်ပေးထားသလိုကြယ်လေးတွေလည်းများများပေးကြနော်
YOU ARE READING
ပန်းပန်ရင်နန်းဆန်တယ် (Completed)
Romanceပန်းလေးတွေကလှကြတယ် သူတို့နဲ့လိုက်ဖက်တဲ့သူနဲ့ဆို ပို၍လိုက်ဖက်လှသည်။
အပိုင်း ၁၈
Start from the beginning