မင်ဘုရင်က အမိန့်စာအား ထိုမျှနှင့်ရပ်ကာ နန်းရင်ပြင်မှ နန်းစောင့်တပ်သားများထံ တစ်ချက်ဝေ့ဝဲကြည့်သည်။အားလုံးနာခံနေသည်ဆိုတာသေချာမှ နောက်ထပ်တစ်ဖန် ပြန်စတင်၏။

"ညီလာခံရဲ့အဆုံးအဖြတ်နဲ့အတူ နန်းစောင့်တပ်မှုးအား နန်းတွင်းကာကွယ်ရေးတပ်သူကြီးအဖြစ်ချီးမြှင့်ပြီး ချန်ထားခဲ့မည်။ ညီလာခံ၏ လုပ်ပိုင်ခွင့်အာဏာသည် နန်းရင်းဝန်ထံ၌ တည်ရှိပြီး နန်းစောင့်တပ်အား ခိုင်းစေအသုံးပြုခွင့်အာဏာသည်  နန်းစောင့်တပ်သူကြီးထံ၌ တည်ရှိသည်...ကျွန်ုအရှင်အသခင်၏ တံဆိပ်တော်ပါရှိသော အမိန့်စာ...."

နန်းစောင့်တပ်မှုးက နန်းရင်ပြင်လှေကားထစ်များမှ ဖြတ်ကျော်တက်လာကာ မင်ဘုရင်လက်ထဲမှ အမိန့်စာအား လှမ်းယူသည်။

"အရှင်သခင်အမိန့်... ကျွန်တော်မျိုး နန်းတွင်းကာကွယ်ရေး တပ်သူကြီး တုံ့ဆိုင်းခြင်းမရှိ ခံယူသည်"

ဘယ်ဘက်ရင်ဘတ်ပေါ် လက်ယှက်ကာ မင်ဘုရင်အားအရိုအသေပြုပြီးနောက် နန်းရင်ပြင်အောက်ဘက်သို့ပြန်ဆင်းသွားသည်။

ပင်လယ်ပြင်ကိုမျက်နှာမူကာတည်ရှိနေတဲ့စုန့်ပြည်။ ဂျီမင်း နန်းပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။

အနောက်ဆောင်ရှိရာတံတိုင်း‌ဝကနေ နန်းရင်ပြင်ပေါ်သို့ဆင်းလာသည့် အမျိုးသမီးတစ်ယောက်။ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားပြီး ရွှေရောင်ဓားအား ကိုင်လျက်ဖြင့် သူရှိရာသို့လျှောက်လှမ်းလာနေခဲ့သည်။

ချပ်ဝတ်အောက်မှ အနက်ရောင်ဝတ်ရုံစပါးပါးက လေတစ်ချက်အဝှေ့မှာ လှပ်ကနဲလွှင့်၏။ ထိုအနက်ရောင်ဝတ်ရုံစအနောက်ဘက်၌ အပြာရောင်အရိပ်လေးတစ်ခုက ကပ်ပါလာတော့ အရှင်ဂျီမင်းနှုတ်ခမ်းပါးတို့ ပြုံးရိပ်စွန်းသည်။

ပန်းဖိနတ်မစီးထားတဲ့ ခြေဖမိုးဖွေးဖွေးဟာ အုတ်သားတို့ပေါ် အဆောတလျှင်ပြေးရင်း ရွှေခြေချင်းတို့ထံမှ ချူသံတို့ကလဲ တလွင်လွင်။ ခြေတစ်လှမ်း,လှမ်းလိုက်ချိန်တိုင်း ကိုယ်ပေါ်မှ အပြာရောင်ဝတ်ရုံစတို့နဲ့အတူ ဆံနွယ်နက်နက်တို့က အနောက်ဘက်ဆီ လွှင့်မျှောလျက်။

The Love Sleeping Under The Moonlight Where stories live. Discover now