Episode 14(uni/Zawgyi)

Start from the beginning
                                    

“ဟင်...မဟုတ်ဘူးလား....“

“ဒူတယ်လို့ပြောရင်လည်း ငါကလူတန်းစားနှိမ့်ချတယ်ဖြစ်ဦးမယ်...မင်း ဦးနှောက်ကအလှထည့်ထားတာလား...မင်း ဦး‌နှောက်နဲ့စဉ်းစားကြည့်‌‌....“
လေးညှို့ပြောပြီးသည်နှင့် မသိမသာ ဟော်တယ်အဝင်ဝကို တစ်ချက်ကြည့်လိုက်ရာ မျက်ဝန်းစိမ်းများလက်ခနဲဖြစ်သွားသည်။

သက္ကရာဇ်  နောက်လေးရက်စလုံး ချစ်ရသူအနားအချိန်ပြည့်ရှိနိုင်ဖို့ ကိုယ်စားလှယ်ဆိုင်များကို တစ်‌နေ့တည်းအပြီးလိုက်ဖိတ်ပြီးသည်နှင့် ဟော်တယ်သို့ပြန်လာရာ သူ၏အမောပြေဆေးလေးက သူ့သူငယ်ချင်းနဲ့အတူ‌ တွေ့လိုက်ရသည်။ သူ့သူငယ်ချင်းက ဘာတွေပြောနေသည်မသိ  သေချာမျက်မှောင်ကြုံ့လျှက် နားထောင်နေသည်အားတွေ့လိုက်ရသည်။ထိုနောက် မျက်ဝန်းစိမ်းလေးများက သူရှိရာဘက်ကြည့်လာကာ ချက်ချင်းဆိုသလို အကြည့်လွှဲသွားသဖြင့် သက္ကရာဇ် အသည်းယားရပြန်သည်။

ငစိုင်း လေးညှို့ပြောစကားကိုမကျေနပ်သဖြင့် ပြန်ပြောဖို့ စကားလုံးတွေစီနေခိုက် မိမိတို့ရှိရာသို့ တန်းတန်းလျှောက်လာသော Bossသက္ကရာဇ်ဦးညိုကြောင့် စကားများကိုပြန်မျိုချလိုက်ရသည်။လေးညှို့နှင့်သူနှင့်အတူရှိလျှင် ကြည့်သည့်အကြည့်နှင့် လေးညှို့နှင့်အတူတူမရှိလျှင် ကြည့်သည့်အကြည့်က မတူသောကြောင့် သူ့မှာ သတိထားနေနေရသည်။
သူ့သူငယ်ချင်းလေးကို သက္ကရာဇ်ဦးညိုက စိတ်ဝင်စားနေတယ်လို့ ခန့်မှန်းမိပေမယ့် လေးညှို့က စိတ်မဝင်စားသည်ကိုလည်း သေချာသိသည်မို့ ထိုကောင်လေးအတွက်တော့ စိတ်မကောင်းပေ။သို့သော်လည်း သူကြားမညှပ်ချင်ပေ။ထို့ကြောင့် ထိုကောင်လေးလာတာမြင်သည်နှင့် ငစိုင်း အခန်းကိုအမြန်ပြန်လိုက်သည်။

လေးညှို့မှာတော့ ချက်ချင်းအပေါ်တက်ပြေးသွားသော ငစိုင်းကြောင့် တုံ့ပြန်ချိန်ပင်မရလိုက်။သက္ကရာဇ်ဦးညိုကလည်း ကိုယ်ရှိရာဆီတည့်တည့်လျှောက်လာနေသောကြောင့် ခုချိန်မှရှောင်သွားလို့လည်းမဖြစ်သဖြင့် တောင့်တောင့်ကြီး ရပ်နေမိသည်။

“ပင်ပန်းသွားပြီလား ကိုယ့် လေး....“

“ဗျာ....“
သက္ကရာဇ်ဦးကြောင့် လေးညှို့စိမ်း တကယ်ကိုဆွံ့အသွားရသည်။မျက်နှာချင်းဆိုင်မိလိုက်တိုင်း သူ့ကြောင့် ပြောစရာစကားတွေပျောက်ရှရသလို ဘာမှမတုံ့ပြန်နိုင်တာက တစ်ခါနှစ်ခါမကတော့ပေ။အသားယူခေါ်ခံနေရတာ သိလျက်နဲ့ကို လေးညှို့စိမ်းမဟုတ်တော့သလိုပင်။   ထိုနွေးထွေးရီဝေတဲ့ မျက်ဝန်းညိုတွေက သူ့အတွက်တော့ ပင့်ကူအိမ်လိုပင်။   မျက်နှာကို မမြင်ရပါက ပြင်းပြင်းထန်ထန်စကားတွေ ပြောထွက်လောက်မည်ထင်၏။

You've reached the end of published parts.

⏰ Last updated: Apr 29 ⏰

Add this story to your Library to get notified about new parts!

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Ongoing)Where stories live. Discover now