Episode (8)(Zaw, Uni)

2.9K 351 185
                                    

Unicode

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၈)

Laptop Screenပေါ် ပြေးလွှားနေသည့် လက်ကလေးတစ်စုံဟာ ‌ရှာဖွေနေသည့်အရာကိုတွေ့ရှိသွားသည့်အခိုက်တွင်တော့ ကျေနပ်စွာ မျက်ဝန်းစိမ်းလေးများက တောက်ပလာသည်။ညအိပ်မီးပဲဖွင့်ထားသည့် အခန်းထဲတွင် Screen မှအလင်းရောင်နှင့် မျက်ဝန်းစိမ်းလေးမှ တောက်ပမှုကသာ ကြီးစိုးနေသည်။လေးညှို့ mouseလေးကိုရွှေ့ရင်း ပုံလေးတွေကိုတစ်ပုံချင်းဆီကိုသေချာကြည့်ပြီးနောက် အကုန်saveလိုက်ကာ Fileတစ်ခုထဲကိုအကုန်သိမ်းလိုက်သည်။ထိုဖိုင်ကိုတော့ သေချာဖွက်ထားလိုက်ပြီးနောက် Laptopကိုပိတ်လိုက်ကာ အိပ်ယာပေါ်လှဲချလိုက်သည်။

ခေါင်းအောက်လက်နှစ်ဖက်ကိုခုလိုက်ပြီး မျက်စိရှေ့က မျက်နှာကျက်ကိုငေးရင်း မြင်ယောင်လာသည့် မျက်ဝန်းညိုများကြောင့် ခေါင်းကိုခါရင်း ဘေးစောင်းလိုက်ရာ ဘေးတွင်ချထားသည့် အနက်ရောင်Helmetကိုတွေ့လိုက်ရသည်။Helmetကိုမြင်တော့ တွဲလျှက်မြင်လာသည့် လက်ရေးဝိုင်းဝိုင်းလေးများကြောင့် ပြုံးယောင်သမ်းမလိုဖြစ်သွားကာ အမြန်မျက်မှောင်ကြုတ်ကာ ပြန်တည်လိုက်သည်။ကိုယ့်ခံစားချက်ကိုယ်အစိုးမရသည့်အချိန်များကပိုများလာသောကြောင့် လေးညှို့ ကိုယ့်ကိုကိုယ်မကျေမနပ်ဖြစ်လာရသည်။

“ဘာလို့လဲ...ဘာလို့လက်ရေးတွေကအစစိတ်ရှုပ်ဖို့ကောင်းအောင်လှနေရတာလဲ...ဟက်.. သောက်ရူးပဲ...”

လေးညှို့ ကိုယ့်ကိုကိုယ် ပြစ်ပြစ်နှစ်နှစ်ပြောရင်း မျက်စိကိုစုံမှိတ်ကာ အတင်းအိပ်ပစ်လိုက်သည်။အိပ်စက်ခြင်းက တာဝန်အရအိပ်ပျော်သွားသလို အိမ်မက်ကလည်းတာဝန်အရ မျက်ဝန်းညိုလေးကို အိမ်မက်ထဲထိအရောက်ပို့ပေးသည်။ထို့ကြောင့် အိပ်နေရင်းတောင် လေးညှို့ မျက်ခုံးတန်းများက စုကြုံ့နေခဲ့သည်။

🦋🦋🦋

“သားငယ်...”
ကုဋေ ကော်ဖီခွက်ကိုမော့သောက်လိုက်ရင်း မျက်စိရှေ့မှ ငြိမ်သက်စွာ မနက်စာ စားနေသော သားငယ်ကိုခေါ်လိုက်သည်။

“ဗျာ...”

“လျှပ်စစ်အပိုပစ္စည်းဖြန့်ဖြူးရေးလုပ်ငန်းအသစ်အတွက် တိုးချဲ့တာ အဆင်ပြေလား..”

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Ongoing)Tahanan ng mga kuwento. Tumuklas ngayon