ဒေါသကြောင့် တစ်ဆတ်ဆတ်တုန်လာသည့်
အိန္ဒြာကို နှင်းယု အံ့ဩမိသည်။နှင်းယုပေါင်းလာပေမဲ့ ထိုကဲ့သို့သော အမူအရာဖြစ်သည်ကို မတွေ့ဖူး။

"အိန္ဒြာ ဒေါသကို လျော့ပါဦးနော် တခြားသူတွေကြည့်နေတယ်"

အကျီစလေးကို ကိုင်ကာ ပြောလာသည့်
နှင်းယုလေးကြောင့် အိန္ဒြာ မျက်နှာမှာ ပြန်ပြုံးလာခဲ့သည်။

ဟုတ်ပါသည်။ဘေးလူတွေကလည်းကွက်ကြည့်ကွက်ကြည့်လုပ်သွားသည်။

"ဟုတ်ပါပြီ တို့သွားကြရအောင်"

အိန္ဒြာ နှင့် နှင်းယု ထိုနေရာမှ ထွက်လာခဲ့သည်။အိန္ဒြာသည် ထိုကျောင်းသားကို မှတ်မိအောင် ကြည့်လိုက်သည်။

ထိုမြင်ကွင်းကြောင့် ရင်ထဲမှာ ကြေကွဲနေသော လူတစ်ယောက်ကိုတော့ မမြင်။

..............................................................

"ဘယ်နားနာသွားသေးလဲ"

"တို့ ဘယ်နေရာမှ မထိခိုက်ပါဘူးကွယ်"

"အားနာစရာကြီး နှင်းယု မုန့်လိုက်ဝယ်ကျွေးပါမယ်"

"နှင်းယုကျွေးမယ်ဆို တို့ မငြင်းဘူးနော်"

"ဟုတ်ကဲ့ပါရှင့် ဘာစားချင်တာလဲ‌ပြောလိုက်ပါ"

"နှင်းယုကို"

"အယ်..."

"နှင်းယုကို မုန့်ကျွေးရင်အားနာလို့ စာပဲရှင်းပြပါလားလို့ ပြောတာပါ"

"ဒါဆို နောက်ကျရင် ကျွေးမယ်နော် "

"ဟုတ်ကဲ့ပါ"

ဟေမာထိုမြင်ကွင်းကို မနှစ်သက်ပါ။တော်တော်ကြီးကို မနှစ်သက်တာပါ။ကိုယ့်ရန်သူက နှင်းယုနဲ့ခင်နေတာကို တကယ် မနာလိုပါ။အူတိုနေတယ်လို့ပြောလျှင် ပိုမှန်မည်။

"ငါ Toilet သွားလိုက်ဦးမယ် "

နှင်းယု ဟေမာကို ကြည့်သော်လည်း ဟေမာမသိ။ဒေါသထွက်နေသောကြောင့် ထိုနေရာမှ ထွက်ခွာလာခြင်းဖြစ်သည်။

Toilet ထဲရောက်သော်

ဟေမာ နံရံကို လက်သီးဖြင့်ထိုးနေမိသည်။အတော်အတန်ကြာအောင် နာကျင်လာမှ အသိဝင်လာသည်။

I Fell In Love At First Sight Where stories live. Discover now