Chapter 1: Golden Queen & Ice Princess

226 7 0
                                    

နေလုံးကြီးခေါင်းတည့်တည့်ရောက်ချိန်၊ အပူချိန်ဟာလည်း အတော်မြင့်တက်နေချိန် ဆံပင်ညှပ်ဆိုင်လေးတစ်ခုတွင် လူအနည်းငယ်ရှိသောကြောင့် ဟိုဟိုဒီဒီ ဆူညံလျှက်ရှိသည်။ ကြီးကျယ်ခမ်းနားလှသော ဆိုင်ကြီးမဟုတ်သော်ငြား အောင်မြင်ကျော်ကြားမှုကတော့ မသေးပေ။ ထိုသို့ကျော်ကြားအောင်မြင်နေခြင်းမှာ သူမကြောင့်များစွာပါဝင်သည်။ ကျစ်ကျစ်လျစ်လျစ်ဖြင့် လှပစွာ အလှဆင်ထားသော ဆိုင်ကလေးသည် စိတ်ကူးယဉ်ရန် သိပ်ကို အဆင်ပြေလှပေသည်။ ညနေနေဝင်ချိန်ဆို ဝင်ရောက်လာသော နေ၏ အလင်းရောင်သည် ဆိုင်ကလေးတွင် လှပစွာ နားခိုတတ်သကဲ့သို့ မနက်ခင်း နေထွက်ချိန်တွင်လည်း ‌ဆိုင်က‌လေးအတွင်းသို့ ဝင်ရောက်ကျီစယ်တတ်‌သောထွက်ခါစနေရောင်လေးကိုတွေ့နိုင်သည်။ ဆိုင်ကလေးသည် သူ၏ ပိုင်ရှင်ကဲ့သို့ သိပ်ကို လှပ၍ အိပ်မက်ဆန်ဆန် စိတ်ကူးယဉ်ဆန်ဆန်ဆိုင်လေးတစ်ဆိုင်ဖြစ်သည်။

"ဘယ်လောက်ထိ တိုပေးရမလဲ။ ဒီလောက်ထိ တိုချင်လားမသိဘူး။"

Amor Bouquet Salon တွင် ဆံပင်ညှပ်ပေးနေသောအမျိုးသမီးသည် ရိုးရှင်းသော တီရှပ်အမည်းရောင်မှအစ ဂျင်းဘောင်းဘီတစ်ထည် နှင့် ခေါင်းပေါ်သို့ ပင့်တင့်ထားသော နေကာမျက်မှန်အဆုံး လွန်စွာ မိမိုက်နေသည်ကို မျက်လုံးတစ်ချက်အဝေ့တွင်ပင်ခံစားနိုင်ပါသည်။ထိုအမျိုးသမီးသည် တခြားသူမဟုတ်။ Amore Bouquet Salon ၏ ပိုင်ရှင် Faye ပင်ဖြစ်သည်။
"Faye Preya Malison" ‌နာမည်ကြားရုံနဲ့တင် လင်းလက်တောက်ပခြင်းကို ခံစားရစေမယ့် အရှိန်အဝါအပြည့်နဲ့အမျိုးသမီး။ တစ်ချိန်တည်းမှာပဲ ဆွဲဆောင်မှုရှိစွာ လှပတင့်တယ်နေနိုင်ပြီး တစ်ချိန်တည်းမှာပဲ ခန့်ညားထည်ဝါသော ဒီအမျိုးသမီး။ လွတ်လပ်မှုကို မြတ်နိုးသည့်သူမ...‌လင်းလက်တောက်ပနေသော ဘဝ၏ ပဲ့ကိုင်ရှင် ရွှေရောင်အမျိုးသမီး...Faye

'ကျွန်မအကြောင်းက ပြောရရင်တော့ များပါတယ်။ ဒါပေမယ့် တော်တော်များများအကြောင်းအရာတွေကို အင်တာနက်ပေါ်မှာတင်ပဲ အလွယ်တကူရှာဖွေတွေ့ရှိနိုင်တယ်။ ကျွန်မက Miss Grand Thailand 2016 ပြီးတော့ Miss Grand International 2016 2nd Runner up ပါ။ ဟုတ်ပါတယ်။ ကျွန်မက အလှမယ်တစ်ယောက်လည်းဖြစ်တယ်။ ဒါတင်မကပါဘူး။ ကျွန်မက နာမည်အတော်အသင့်ရှိတဲ့ ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်မင်းသမီးတစ်လက်လည်းဖြစ်တယ်။ ကျွန်မရဲ့အကျင့်စရိုက်ကတော့...အင်း...ထူးထူးခြားခြားမရှိပါဘူး။ ကျွန်မအကြောင်းကို ဘယ်သူမဆို အလွယ်တကူသိနိုင်တာပဲလေ။ တစ်ခွန်းတည်းပြောရရင်တော့ အလွန်တရာလွတ်လပ်ပေါ့ပါးတဲ့စိတ်ဝိညာဉ်တစ်ခုပဲ။ လွတ်လပ်မှုကို ကြိုက်တယ်၊ ပွင့်လင်းတယ်၊ ပေါ့ပါးတယ်...ဒါမျိုးတွေနဲ့ ကျွန်မကို ဖော်ပြလို့ရတယ်။ မကောင်းတဲ့အမြင်နဲ့ကြည့်ရင်တော့ ကျွန်မက သိပ်ကို စည်းမရှိဘောင်မရှိ အထိန်းအကွပ်မရှိဘဲဖြတ်သန်းနေတယ်ပေါ့။ ထားပါ ဒါမျိုးတွေကမထူးဆန်းပါဘူး။ ‌ကျွန်မတို့လို့ လူတွေက အကြောင်းမရှိအကြောင်းရှာပြီးဝေဖန်နေတဲ့ သူတွေလည်းရှိသလို ကျွန်မတို့ကို တန်ဖိုးထားပြီးချစ်မြတ်နိုးတဲ့သူတွေလည်းရှိကြတာပါပဲ။ ပြီးတော့ ဒါက ကျွန်မတို့လိုလူတွေမှမဟုတ်ဘဲနဲ့ လူတိုင်းမှာလည်းရှိကြတာပါပဲလေ။ ဒါကြောင့် ကျွန်မကို အခုချိန်ထိ အားပေးချစ်ခင်ကြတဲ့သူတစ်ယောက်ချင်းစီက ကျွန်မအတွက်တော့ တကယ်ကို တန်ဖိုးရှိပါတယ်။ ပရိသတ်တွေသာမရှိရင် ဒီနေ့ရဲ့ Faye ဆိုတာရှိလာမှာမဟုတ်ပါဘူး'

CrushOnde histórias criam vida. Descubra agora