အပိုင်း - ( ၅၁ ) ရှင်းရှင်းလင်းလင်း သိသွားပြီ

Começar do início
                                    

ထိုသည်များကို ကြားလိုက်ရပြီးနောက်တွင် အရာရှိယုံးလည်း ထိတ်လန့်နေဟန်တူသော ဟယ်လင်းအား ကြည့်လိုက်မိလေသည် ။ ထိုကောင်လေးက တကယ်ကိုလှသည် ။ အဲ့လိုဆိုမှတော့ ဒီိလိုနှာဘူးမျိုးနဲ့ကြုံရတာ မထူးဆန်းတော့ဘူး ။ သို့ဖြစ်၍ ဒီကလူကြီးမင်းက ဒေါသထွက်နေသည်ကို သူ နားလည်ပေးလို့ ရသွားပြီဖြစ်လေသည် ။ အကယ်၍ သူ့မှာ အဲ့လိုဖုလန်လေးသာ ရှိနေပါက သူသည်လည်း အခြားလူများက ထိပါးလာမည်ကို ခွင့်လွှတ်ပေးမှာမဟုတ်ပါ ။

အရာရှိယုံးလည်း ချက်ချင်းပဲ နောက်ပြန်လှည့်ကာ ထိုအမျိုးသမီးအား ဒေါသတကြီး ပြန်ပြောလိုက်တော့သည် ။ " ဒီမိန်းမကတော့ ကျုပ်ကို ဘယ်လိုတောင် လှည့်စားရဲရတာလဲ ၊ မဟုတ်မှလွဲရော ခင်ဗျားတို့နှစ်ယောက်က ထောင်ကျချင်နေလို့လား "

ထိုလူများက ရဲမက်ခေါင်းဆောင်နှင့် ရင်းရင်းနှီးနှီးပြောဆိုနေကတည်းက အမျိုးသမီးသည် မကောင်းသောခံစားချက်ကို ရလိုက်တာဖြစ်သည် ။ ယခုလို အအော်ခံလိုက်ရသည့်အခါ သူမက ကြောက်လန့်ကာ နောက်ဆုတ်သွားလေ၏။ " ကျွန်မ မလုပ်ရဲပါဘူး ၊ မလုပ်ရဲပါဘူး ၊ ဒီအရပ်သားက မလုပ်ရဲပါဘူး ! "

အမျိုးသမိီးက ဆက်၍ပြဿနာရှာမနေသလို ဒီဘက်ကလူကြီးမင်းများကလည်း အဖက်လုပ်နေလိုသည့်ဟန် ရှိမနေသည့်အတွက် ရဲမက်ခေါင်းဆောင်လည်း ထိုအမျိုးသမီးအား နှာမှုတ်ပြလိုက်ကာ ဆက်၍ဂရုထားမနေတော့ပေ ။

" အကယ်၍ ခေါင်းဆောင်ယုံးမှာ အချိန်ရှိတယ်ဆိုရင် ပန်ယွဲ့စားသောက်ဆိုင်မှာ ထမင်းတစ်နပ်လောက် ၀င်စားသွားလှည့်ပါဦး ၊ ကျွန်တော် ဧည့်ခံပါ့မယ် ! " ကျန်းယွဲ့ဖုန်း ယပ်တောင်ကိုဖြန့်၍ ခတ်လိုက်ရင်း ပြောလိုက်သည် ။ တကယ်က ပိုက်ဆံနည်းနည်းလောက် လက်ကြိတ်ထိုး၍ ပေးလိုက်ချင်တာဖြစ်ပါသော်ငြား သူ့ထံ၌ ပိုက်ဆံအိတ်ပါမလာခဲ့ပေ ။

" ကျန်းသခင်လေးက ယဥ်ကျေးလွန်းနေပြန်ပါပြီ ၊ ဒါက ကျွန်တော် လုပ်သင့်တဲ့ကိစ္စပါပဲ " ခေါင်းဆောင်ယုံးက ပြန်ပြောလေသည် ။ တကယ်တမ်းတွင် သူသည်လည်း ပျော်နေတာဖြစ်သည် ။ ​ပျော်ဆို ပန်ယွဲ့စားသောက်ဆိုင်မှ အစားအစာများက သူစားချင်လျှင်တောင် စားနိုင်သည့်အရာများမှ ဟုတ်မနေတာကိုး ။ ထ်ိုဟင်းလျာများက အရမ်းကိုပဲ စျေးကြီးလွန်းလေသည် ။

[ BL ] ကျေးလက်သို့ အပြန် Onde histórias criam vida. Descubra agora