အပိုင်း - ( ၂၇ ) ဆေးခန်း

1.7K 270 6
                                    

ဆေးကုသည့်နေရာ၏ နာမည်မှာ 'ရှန်တဲ့´ဟူ၍ဖြစ်ပြီး မြို့၏လူစည်သောနေရာတွင် တည်ရှိလေသည်။ ထိုနေရာမှ သမားတော်သည် တစ်မြို့လုံးတွင် အတော်ဆုံးဟု သတ်မှတ်၍ မရသော်လည်း နာမည်ကြီးသူဖြစ်သည်။

ချီယွဲ့တို့ ၀င်သွားသည့်အခါတွင် ဆေးကောင်တာမှ စာရေးလေးသည် ၀မ်းသာအားရဖြင့် ထလာပြီး ခါးညွတ်ကာ နှုတ်ဆက်သည် ။ သို့သော်လည်း စကားမပြောခင်တွင် တစ်ခဏမျှ ရပ်သွားပြီးမှ မေးလာလေသည်။ " သမားတော်ပြချင်တဲ့သူက ဘယ်သူများလဲဆိုတာကို သိပါရစေ "

" ကျွန်မတို့ ကောလေးပါ ! "

အဒေါ်ချန်က ဟယ်ကျန့်အား ရှေ့သို့တွန်းကာ ထအော်သည်။

ချီယွဲ့က အဒေါ်ချန်ကို တစ်ချက်ကြည့်ပြီးနောက်တွင် စာရေးလေးကို ခေါင်းညိတ်ပြလိုက်သည်။ " သမားတော်က အချိန်ပေးဖို့ အဆင်ပြေရဲ့လား သိချင်ပါတယ် "

" တိုက်တိုက်ဆိုင်ဆိုင်ပဲ ရပါတယ်ဗျာ " စာရေးလေးက အကူတစ်ယောက်ကို လက်ယပ်ခေါ်ကာ အဒေါ်ချန်တို့နှစ်ယောက်အား လူနာစမ်းသပ်ခန်းထဲသို့ လမ်းပြခိုင်းသည်။

ထိုနှစ်ယောက် လိုက်သွားမှသာ ချီယွဲ့က ဟယ်လင်း၏ခါးကို ဖက်လိုက်ပြီး စာရေးလေးအား " ဒါက ငါ့ခင်ပွန်း " ဟု မိတ်ဆက်ပေးသည်။

အပြင်လူများရှေ့တွင် ခါးဖက်ခံလိုက်ရ၍ ဟယ်လင်းရှက်သွားမိသလို နားမလည်နိုင်လည်း ဖြစ်သွားမိသည်။ ချီယွဲ့က သည်နေရာက စားရေးနဲ့ သိနေတာလား ။ ဘာလို့ သူ့ကို မိတ်ဆက်ပေးနေတာလဲ ။

ထိုသို့ကြားသည့်အခါ စာရေးလေးက လက်နှစ်ဖက်ကိုယှက်လိုက်ပြီး ခါးညွတ်ကာ ဟယ်လင်းအား ဂါ၀ရပြုနှုတ်ဆက်သည်။ " သူဌေးလေး (တစ်နည်းအားဖြင့် သူဌေးရဲ့ယောက်ျားဆိုတော့ သူဌေးကတော် ?) "

ဟယ်လင်းက လန့်သွားသဖြင့် နောက်သို့ဆုတ်လိုက်မိသည်ကို ချီယွဲ့က ခါးမှဖက်ထားရင်းဖြင့် ခပ်ဖွဖွလေးပုတ်ပေးကာ နှစ်သိမ့်ပေးသည်။ ထို့နောက် စာရေးလေးအား " ငါ့ကို စာရွက်နဲ့ ခဲတံလေး ယူခဲ့ပေးလို့ရမလား " ဟု ပြောသည်။

စာရေးလေးက ယူရန် ထွက်သွားချိန်တွင် ချီယွဲ့က ဟယ်လင်းအား အခန်းငယ်လေးတစ်ခန်းထဲသို့ ခေါ်သွားပြီး ခုံထုတ်ပေး၍ ၀င်ထိုင်စေသည် ။ " ကိုယ် ဒီကို စစရောက်တုန်းက ၀ယ်ထားတဲ့ ဆေးခန်းလေ "

[ BL ] ကျေးလက်သို့ အပြန် Tempat cerita menjadi hidup. Temukan sekarang