အပိုင်း - ( ၅၁ ) ရှင်းရှင်းလင်းလင်း သိသွားပြီ

Start from the beginning
                                    

ချီယွဲ့ကမူ သူမအား တစ်ချက်ကြည့်လိုက်ပြီးနောက် အေးစက်စက်ပြုံးပြလိုက်ကာ ခြေထောက်ကို ပို၍အားသုံးကာ  တက်နင်းလိုက်လေသည် ။ ထို့ကြောင့် အရိုးကျိုးသံများနှင့်အတူ အောက်မှလူ၏အော်သံများပါ တစ်ဆက်တည်း ထွက်လာလေတော့သည် ။ ထိုအခါမှသာ ချီယွဲ့က ခြေထောက်ကို ပြန်ဖယ်ပေးလိုက်ပြီး " လွှတ်ပေးလိုက်ပြိီ ! " ဟုဆိုသည် ။

" အာာားးး ! " အမျိုးသမီးက အော်လိုက်ပြီးနောက် ထိုလူဘေးသို့ ရောက်လာလေသည် ။ ထိုလူက နာကျင်မှုကြောင့် သတိလစ်သွားကာ မျက်နှာတွင်လည်း သွေးရောင််မရှ်ိတော့သည်ကို တွေ့သောအခါ သူမက အော်လိုက်ပြန်သည် ။ " အရာရှိကြီး သူက ရှင်တို့ရှေ့မှာတင် ပြစ်မှုကျူးလွန်နေတာလေ ၊ သူ့ကိုချက်ချင်း ဖမ်းလိုက်ကြတော့လေ ! "

ခေါင်းဆောင်ဆိုသူမှာတော့ အနည်းငယ် ရှက်သွားမိလေသည် ။ သူက လွှတ်ပေးခိုင်းသည်ကိုတောင် ဆက်လုပ်ရဲသေးနေတာဆိုတော့ အဲ့လူက သူတို့ကို ပေါ့ပေါ့တန်တန် သဘောထားနေတာများလား ။ ခါးထက်ရှိ ဓားအိမ်ကိုကိုင်ထားလိုက်ရင်း သူပြောလိုက်သည် ။ " ခင်ဗျားက ... "

" အရာရှိယုံး ! "

သူ့စကားမဆုံးသေးခင်တွင် တစ်စုံတစ်ယောက်က လှမ်းခေါ်သဖြင့် လှည့်ကြည့်လိုက်သည့်အခါ ကျန်းမိသားစုမှ သခင်လေးကျန်းယွဲ့ဖုန်းကို တွေ့လိုက်ရသဖြင့် အံ့သြသွားမိလေသည် ။ " ကျန်းသခင်လေး ? "

ကျန်းယွဲ့ဖုန်းက ယပ်တောင်ကို လက်ထဲတွင်ကိုင်ထားရင်း ရှေ့သိူ့လျှောက်လာပြီးနောက် လက်နှစ်ဖက်ကိုယှက်ကာ လာပြောပြလေသည် ။ " သူက ကျွန်တော့်ရဲ့မိတ်ဆွေပါ ၊ ဒီမှာ တစ်ခုခုအထင်လွဲနေတာလေးတွေရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ် "

ဒီလူက ကျန်းသခင်လေးရဲ့ မိတ်ဆွေတဲ့လား ။ အရာရှိယုံးလည်း ချက်ချင်းဆိုသလို ဓားအိမ်ပေါ်မှ လက်ကိုပြန်ရုတ်လိုက်တော့သည် ။ " ဘာတွေဖြစ်သွားတာလဲဆိုတာကို ကျွန်တော်သေချာမသိရသေးပေမယ့် ကျန်းသခင်လေးရဲ့မိတ်ဆွေဆိုတော့ သေချာပေါက် နားလည်မှုလွဲနေတာပဲဖြစ်မှာပါ "

ကျန်းယွဲ့ဖုန်းက ရှေ့သို့တိုးလာကာ သူ့နားနားသို့ကပ်၍ တိုးတိုးလေးပြောပြသည် ။ 

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now