Chapter 8

42 2 0
                                    

အိန္ဒြာ ကားကို တရှိန်ထိုးမောင်းပြီး အိမ်သို့ဦးတည်သည်။

"ဒယ်ဒီ ဘာတွေလုပ်နေတာလဲ! သမီးလက်မခံနိုင်ဘူးနော်"

"ဒီကိစ္စက အစောကြီးကတည်းက စီစဉ်ထားတာ သမီး"

"သမီးကို မမေးပဲ ဘာလို့လုပ်ရတာလဲ ဒယ်ဒီ"

"......."

"သမီးဘာသာ ရပ်တည်မယ် ဒယ်ဒီ့အကူအညီမယူပဲနဲ့"

"သမီး အတွက်လုပ်တာနော်"

"ဒါဆို သမီးကိုခွင့်ပြုပါဦး"

အိန္ဒြာ သည် စိတ်ရှုပ်နေ၍ စီးကရက်တစ်လိပ်ကို သောက်သည်။ထို့နောက် အသိစိတ်ပြန်ဝင်လာပြီး နောက်ထပ်မသောက်ဖို့ ထိန်းချုပ်လိုက်သည်။အကယ်၍သာ နှင်းယုသိခဲ့လျှင် မုန်းတီးမှာ‌ သေချာသည်။

နှင်းယုနှင့် စကားပြောချင်၍ messenger မှာ စာရိုက်နေသည်။သို့သော် ဘယ်ကနေဘယ်လိုစပြောရမလဲ မသိဖြစ်နေသည်။သူမကြောင့် တော်တော်ပြောင်းလဲလာသည်ကို အိန္ဒြာတွေးမိပြီး ပြုံးမိသည်။

ထိုအချိန်မှာ အိန္ဒြာမသိတဲ့ acc တစ်ခု add ထားတာတွေ့သည်။သိုပေမဲ့ နှင်းယုနှင့် Friend ဖြစ်နေသောကြောင့် ဝင်ကြည့်မိလိုက်သည်။

Post တွေကို ကြည့်မိတော့ မိန်းကလေးမှန်းသိသာသည်။သို့သော် မသိသောကြောင့် လက်မခံမိခဲ့  Delete ခဲ့သည်။

ထို့နောက် အိမ်အောက်ထပ်သို့ဆင်းကာ ဝိုင်တစ်ပုလင်းလုံး သောက်ချပစ်သည်။လူလည်း အနည်းငယ် ယိုင်တိုင်တိုင်ဖြင့် အပေါ်သို့တက်လာပြီး ဖုန်းကြည့်မိသည်။

သူမများ လိုင်းပေါ်မှာရှိငြား ကြည့်မိသည်။သို့သော် Active 1 hour ago ....

.............................................................

"မြင့်မိုရ် နှင်းယုရဲ့ acc လေးလိုချင်လို့ လာအပ်လို့ရမလား"

"ဟုတ်ကဲ့ ရပါတယ်ရှင့်"

ဟေမာသည် နှင်းယုရဲ့ အပြုအမူ အပြောအဆိုတွေကို သဘောကျတာကို ဝန်ခံပါသည်။သို့သော်
မိန်းကလေးချင်း အားကျတာလား၊လူငယ်သဘာဝ သဘောကျတာလား မဝေခွဲတက်သေးပေ။နှင်းယုအလှကို အရှုံးပေးပါသည်။

I Fell In Love At First Sight Where stories live. Discover now