အပိုင်း ၁၆

Start from the beginning
                                    

“သားအညို...မေမေတို့ကဖြင့်နောက်ရက်လောက်လှမ်းခေါ်တော့မလို့...လာဒီမှာလာထိုင်...ဧည့်သည်တွေကိုလာနှုတ်ဆတ်ပါအုံး”

မေမေသည်အရင်ကထက်ပို၍ချိုသာနေ၏။သယ်လာသောအဝတ်ထုပ်အား ဧည့်ခန်းအဝင်ဝတင်သာချထားလိုက်သည်။မေမေတို့ရှိသည့်နေရာသို့ ခြေလှမ်းကျဲများဖြင့်လျှောက်သွား၏။

“ဒီကိစ္စကိုအညိုလက်မခံနိုင်ဘူး”

“မြန်းညို...ဧည့်သည်ကိုအားနာအုံး”

“ဖေဖေတို့တွက်ဧည့်သည်ပေမယ့်...အညို့အတွက်တော့မလိုအပ်တဲ့သူတွေဘဲ”

“ဦးမှိုင်းသာ...သားနဲ့ညှိလိုက်ပါအုံးနော်...ကျွန်မတို့ပြန်လိုက်ပါအုံးမယ်ရှင့်”

ထိုအခိုက်တွင် မေမေ၊ဖေဖေနှင့်မမြိုင်တို့က မျက်နှာပျက်သွား၏။ဧည့်သည်များကအားနာသယောင်ဖြင့်ဧည့်ခန်းမှထထွက်သွားကြသည်။

“ဖြန်း!”

ရုတ်တရက်ပါးထက်သို့ကျရောက်လာသော အားကြောင့်ကြမ်းပြင်ပေါ်သို့ အညိုလဲကျသွားရ၏။

“မင်းမရှက်ဘူးလား...ဦးမှိုင်းသာ၊ဒေါ်လှစိန်တို့ရဲ့သားက ဓားပြတစ်ယောက်ရဲ့သားနဲ့ချစ်ကြိုက်နေတဲ့သတင်းသာ လူတိုင်းရဲ့နားထဲရောက်သွားရင်...ငါတို့သိက္ခာကျရမှာ”

“အညို...မေမေတို့ကကောင်းတာကိုစီစဉ်တာလေ...သားကိုချောက်နက်ထဲတွန်းချနေတာမဟုတ်ဘူးသား”

“မလိုပါဘူး...အဲ့ကောင်းစေချင်တဲ့စေတနာတွေ...ကျွန်တော်ကချစ်ရတဲ့သူအနားနားနေရရင်ကိုကျေနပ်လှပြီ”

“ဖြန်း!”

အညိုကြမ်းပြင်မှပြန်ထချိန်တွင် နောက်တစ်ကြိမ်ပါးပြင်ထပ်သို့အားတစ်ခုကျရောက်လာပြန်သည်။သို့သော် အရင်တစ်ခေါက်ကဲ့သို့ လဲကျသွားခြင်းမရှိ။

အညိုထိုနေရာအားကျောပေးကာ ဧည့်ခန်းမှထွက်မည်အလုပ်တွင် ကြားလိုက်ရသောစကားတစ်ခွန်းကြောင့် အဝတ်အိတ်အားကိုင်နေသောလက်များရပ်တန့်သွားရ၏။

“မင်းခြေတစ်လှမ်းလှမ်းကြည့်လိုက်...မင်းချစ်ရတဲ့အဲ့အကောင် ထောင်ထဲအရောက်ဘဲ”

ပန်းပန်ရင်နန်းဆန်တယ် (Completed)Where stories live. Discover now