"ဝေးပေါ်ကကောမန့်တွေဖတ်ကြည့်နေတာ" ရွှီလော့ယန်က ဟန်ဆောင်ပန်ဆောင်ဖြင့် ချောင်းဟန့်၍ဖြေသည်။

"လေတိုက်ရာလမ်းကြောင်း ပြောင်းသွားပြီလားလို့ကြည့်နေတာ။"

လွန်ခဲ့သည့်နှစ်ရက်အတွင် သူသိပ်ပြီး ပို့စ်မတင်ဖြစ်တာကို ချီချန်အန်းသိထားလေသည်။

သူက သူ့နားသန်သီးလေးများကို ဖွဖွပွတ်သပ်‌ပေးကာ "မင်း စိတ်မကောင်းမဖြစ်တော့ဘူးပေါ့"

"ငါဝမ်းနည်းနေတုန်းပဲ"

သူ့နားမှ ယားယံမှုကိုခံစားရကာ၊ ရွှီလော့ယန်က မတတ်နိုင်စွာ အမှန်အတိုင်းထုတ်ပြောမိလေသည်။

"အရင်တုန်းက ငါ့ကိုအရမ်းချစ်ပါတယ်လို့ပြောခဲ့တဲ့ ပရိသတ်တွေနဲ့ အရင်ရက်တွေက ငါ့ကို ဆဲဆိုနေတဲ့သူတွေကို ယှဉ်ကြည့်လိုက်ရင်....."

သူက ထိုခံစားချက်ကို မည်သို့ဖော်ပြရမှန်းမသိပေ။

သို့နှင့် "အဲ့ဒါက နည်းနည်း သည်းခံဖို့ ခက်တယ်" ဟုသာ ခြောက်ကပ်ကပ်နိုင်စွာ ဖြေလိုက်တော့သည်။

ထိုသို့ပြောနေရင်းမှ သူကရယ်မောလိုက်ပြီး "ဒါပေမယ့် လူတွေအများကြီးက ငါ့ news feed ကိုလာပြီးတော့ သူတို့ငါ့ကိုယုံတဲ့အကြောင်း၊ အဲ့ဒါတွေအကုန်က ငါ့သိက္ခာကိုချပြီး အတုတွေဆိုပြီး ကောမန့်တွေလာမန့်ထားပေးတာကို မြင်ရတာ ငါ့ကိုပျော်ရွှင်စေတယ် အဲ့ဒါကြောင့် ငါက ဝမ်းနည်းတာထက် ပိုပြီး ပျော်ရတယ်"

ချီချန်အန်းက အပေါ်မှအုပ်မိုးကာ၊ သူ့နှုတ်ခမ်းစပ်လေးများထံ နမ်းနေရာ ရွှီလော့ယန်က အမြဲတမ်း ထိုသူထံတွင်အားသာချက်တစ်ခုရှိနေကြောင်း သတိထားမိသွားသည်။ မှောင်မိုက်မှုများအကုန် သူ့ခြေအောက်တွင် နင်းထားသကဲ့သို့ပင်။

ချီချန်အန်းက ကိုယ်ကိုပြန်မတ်လိုက်ပြီး "ကိုယ်အခုလေးတင်ပဲ လျန်ချိုးနဲ့ ဖုန်းပြောပြီးတယ် သိုက်ရွှယ်ချင်းက အကြောင်းပြန်လာပြီ"

ရွှီလော့ယန်၏ အာရုံက ပြန်လည်ဆွဲခေါ်ခံလိုက်ရသည်။ သူ့မျက်လုံးများ အနည်းငယ် ပြူးကျယ်လာကာ အလျင်အမြန်ပင် တုံ့ပြန်လိုက်မိသည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now