လုတိရဲ့ လေသံကမူဆိုးဝါးနေပြီး "အခုကျွန်တော်တို့ချောင်ပိတ်ခံနေရတယ်ဆိုတာ သိသာတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ အပြစ်မရှိဘူးဆိုတာကို သက်သေပြဖို့ အထောက်အထားတွေ ရှာရမှာပဲ"

ကျန်းသုန့်က သူ့စကားကို တုံ့ပြန်မှုမရှိချေ။

"ဒါပေမယ့် ဒီမှာ အခက်အခဲတစ်ခုရှိနေတယ်"

"အနုပညာတက္ကသိုလ်ရဲ့ အနေအထားနဲ့ သဘောထား၊ဟုတ်တယ်မလား"

ကျန်းသုန့်ခေါင်းညိတ်ပြတာကိုမြင်ပြီးနောက် ရွှီလော့ယန်က'' ကျောင်းက ကျွန်တော့ကိုထုတ်ပယ်လိုက်တာက အဆုံးသတ်ဖြစ်ပြီးတော့ အခုသူ့တို့ရဲ့ ဂုဏ်သတင်းကိုအဖက်ဆယ်ချင်ရင်တောင် အဲ့တုန်းက ကျွန်တော်ရဲ့ ကိစ္စမှာတရားမျှတမှုမရှိခဲ့ဘူးလို့ ကျွန်တော်ဘက်ကနေ သက်သေလုပ်ပေးမှာမဟုတ်ဘူး"

ရွှီလော့ယန်ရဲ့အမူအရာကို ဂရုတစိုက်ကြည့်ပြီးနောက် ကျန်းသုန့်ကမေးလိုက်၏။

"အဲဒီတုန်းက အခြေအနေက ဘယ်လိုလဲ"

"ပြောဖို့တော့ခက်တယ်"

ရွှီလော့ယန်ရဲ့ အပြုံးက အနည်းငယ် မှိန်ဖျော့သွားပြီး၊ "အဲ့အချိန်တုန်းက သိုက်ရွှယ်ချင်းက ဟွားလိအဖွဲ့ရဲ့ထိပ်မှာရှိနေပြီး လူအနည်းငယ်လောက်ပဲ သူ့ကိုဆန့်ကျင်ရဲတာ၊ အဲ့ဒါကိုကြည့်တာနဲ့တင်သူက ပါဝါရှိတဲ့သူဆိုတာသိသာတယ်၊ သူက ကျွန်တော်ကို ထုတ်ပယ်ဖို့ကျောင်းကို ဖိအားပေးခဲ့ပြီး ကျောင်းဘက်ကလည်းလက်ခံလိုက်ပေမယ့် ကျောင်းသားတစ်ယောက်ကို

နှင်ထုတ်ဖို့ အကြောင်းပြချက်လိုတယ်လို့ပြန်ပြောခဲ့တယ်ထင်တယ် အဲ့လိုနဲ့ တစ်လအကြာမှာတော့ ကျောင်းက ကျွန်တော်က စိတ်ဓာတ်ကျနေတဲ့ ကောင်မလေးတစ်ယောက်ကို အနိုင်ကျင့်ဖို့ လူမိုက်အချို့ကိုပိုက်ဆံပေးခဲ့ပြီး အဲ့ကောင်မလေးကိုသက်သေဖို့တွန်းပို့ခဲ့တယ်ဆိုတဲ့ သက်သေကိုထုတ်လာခဲ့တာ"

"ပြီးတော့ဘာဆက်ဖြစ်သွားလဲ"

ကျန်းသုန့်က မျက်မှောင်ကြုတ်လိုက်ပြီး "မင်းသူတို့နဲ့ စကားသွားမပြောခဲ့ဘူးလား"

"သေချာပေါက်သွားပြောခဲ့တာပေါ့ ဒါပေမဲ့ သူတို့မှာသက်သေအတိအကျရှိနေတယ်ဆိုပြီး ကျွန်တော်ကိုထုတ်ပယ်ကြောင်းအကြောင်းကြားလာတယ်လအစောပိုင်းတုန်းက ကျောင်းကိုမကြာခဏသွားသေးပေမဲ့ နောက်ပိုင်းမှာ အတားခံလိုက်ရတယ်လေ"

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now