အဝေးကိုငေးကြည့်ပြီး ကျန်းသုန့်ကသူ့ကိုယ်သူ စိတ်ထဲမှာမေးလိုက်မိသည် -ဒါက ဒဏ္ဍာရီဆန်တဲ့ အချစ်ရဲ့ ဆွဲဆောင်မှုလို့ပြောကြတဲ့ဟာလား။

"ဒါဆိုကောင်းကောင်း အနားယူလိုက်ဦး၊ အလုပ်ကိစ္စတွေက-"

"ကျန်းကော၊ အခုဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်သိပြီးသွားပြီ"

ရွှီလော့ယန်က ပထမဆုံးအနေဖြင့်ရှားရှားပါးပါး စကားဖြတ်ပြောလိုက်ပြီး "ချန်အန်းကိုသွားမကြည့်နဲ့၊ သူကလည်း ကျွန်တော့စီကနေ ဖုန်းကွယ်ထားပြီး ကျွန်တော့ရဲ့ဖုန်းကိုတောင်ဖွက်ထားလိုက်သေးတယ် ဘာတွေဖြစ်နေလဲဆိုတာ ကျွန့်တော့ဘာသာခန့်မှန်းခဲ့တာ"

လုတိက ကျန်းသုန့်ကသူ့ကို လမ်းမှာထိုကိစ္စကို လော့ယန်ကိုမပြောဖို့ သတိပေးထားပေမယ့် အခု သူက ဒီအကြောင်းကို သိနေပြီးသားဆိုတော့ သူပြောချင်တာကိုထိန်းမထားနိုင်တော့ချေ။

"ဝမ်ယွိရှင်းက အရမ်းစက်ဆုပ်စရာကောင်းတာပဲ၊သူကတစ်ယောက်ယောက်ကို ရွှီကောရဲ့ အတန်းဖော်တစ်ယောက်လိုဟန်ဆောင်ခိုင်ပြီး နစ်နာသူတစ်ယောက်တောင်ဖန်တီးလိုက်သေးတယ်"

"လုတိ စိတ်လျော့ထား၊ ဒါက ဒေါသထွက်ဖို့အတွက်ကိုမတန်ဘူး၊ ငါဘာမှ အမှားလုပ်ထားတာလဲမရှိဘူး၊ဝမ်ယွိရှင်းအနေနဲ့ အလွန်ဆုံးမှ လုပ်ကြံပြောဖို့ပဲရှိတာ၊ ဒါပေမ​ယ့် လိမ်ညာမှုတွေက ဘယ်တော့မှ အမှန်ဖြစ်လာမှာ မဟုတ်ဘူး"

ရွှီလော့ယန်က နောက်ရက်အနည်းငယ်အတွက် အချိန်ဇယားကို​ကြည့်လိုက်ပြီး ကျန်းသုန့်အား "ကျန်းကော၊ ဒီနေ့မွန်းလွဲပိုင်းနဲ့ မနက်ပိုင်းကို ထောက်ခံချက် ဆွေးနွေးပွဲကို သွားဖို့ စီစဉ်ထားတာ မလား၊အဲ့ဒါကို ဒီနေ့ဖျက်လိုက်ရအောင်"

အခြေအနေတွေ ပိုပြီးပြင်းထန်နေပြီဆိုတာ သူ့စိတ်ထဲမှာသိနေသည်။ အမှန်တရားက ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အတွက် ကုမ္ပဏီတွေကလည်း သူ့ကိုကုန်ပစ္စည်းအတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ် လက်မှတ်ထိုးဖို့ရာ ချိတုန်ချတုန်ဖြစ်နေတာကိုလည်းသတိထားမိပေသည်။

ကျန်းသုန့်က ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီလေ"

သူက ပြုံးနေဆဲဖြစ်တဲ့ ရွှီလော့ယန်ကိုကြည့်ပြီး သက်ပြင်းချလိုက်ရင်း "အခုအခြေအနေတွေက ထိန်းချုပ်မှုအောက်မှာရှိနေတုန်းပဲ။ မင်းနဲ့ အခုအွန်လိုင်းမှာပျံ့နှံ့နေတဲ့အရာတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာကို သက်သေပြနိုင်သရွေ့တော့ အားလုံးအဆင်ပြေသွားမှာပါ"

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Där berättelser lever. Upptäck nu