သို့ပေမယ့် အဲ့ဒါလေးကပဲ လုံလောက်တာထက်ကို ပိုနေချေပြီ။ ထိုအမူအရာလေးကြောင့်ပဲ သူ့ကို ချီချန်အန်းက အိပ်ယာပေါ်မှာ ဖိထားပြီးဆယ်မိနစ်ပြည့်အောင် နမ်းရှိုက်ပစ်တော့သည်။

ဘာတွေဖြစ်နေလဲဆိုတာကို အသိမဝင်နိုင်သေးခင်မှာဘဲ အနမ်းရဲ့ဆွဲဆောင်မှုက ရုတ်တရက် တောက်လောင်လာတဲ့ မီးတောက်နှင့်တူပြီး အဆုတ်ထဲသို့ တည့်တည့်ဝင်သွားသော လည်ချောင်းထဲရှိ ဝိုင်ပြင်းပြင်းနှင့်လဲ တူပေသည်။

ပြတင်းပေါက် အပြင်ဘက်တွင် ငှက်အော်သံ တကျီကျီကို တိုးတိုးသဲ့သဲ့ ကြားနေရသော်လည်း အခန်းက တိတ်ဆိတ်နေကာအသက်ရှုသံများတစ်ခုနှင့်တစ်ခု ရောယှက်နေပြီး ဘယ်သူ့အသက်ရှုသံလဲဆိုတာပင် မခွဲခြားနိုင်တော့ပေ။ ရွီလော့ယန်က ချီချန်အန်းရဲ့အပေါ်မှ အုပ်မိုးထားပြီး၊ သူ့ရဲ့ မျက်ဝန်းများကလည်း မျက်ရည်များဝေ့ဝဲနေကာ အနည်းငယ်နီရဲလာချေပြီ၊ သူက ချီချန်အန်းရဲ့ နှုတ်ခမ်းပါးများထက် တစ်လက်မချင်း ဖြေးညင်းစွာ ပြတ်ပြတ်သားသား ပွတ်သပ်နမ်းရှိုက်နေကာ ရံဖန်ရံခါ သကြားလုံးစားနေသလိုမျိုး လျက်လိုက်ရင်း ညင်သာစွာအရသာခံနေချေသည်။

ချီချန်အန်းက ရွှီလော့ယန်ကို မထိခိုက်မိစေဖို့ လက်တစ်ဖက်ကို အကာအကွယ် အနေအထားမှာ ထားကာ သူရဲ့ အပြုအမူတိုင်းက အလွန်အမင်း လိုက်လျောညီထွေ ရှိနေပေသည်။

သူကချီချန်အန်းရဲ့ အပေါ်နှုတ်ခမ်းကို တစ်ခါထပ်မံ စုပ်လိုက်ပြီးနောက် ရွှီလော့ယန်က အနည်းငယ် တုံ့ဆိုင်းသွားကာ "ကျွန်တော် မင်းကို အရမ်းကြိုက်တယ်" လို့ တိုးတိုးလေး ပြောလိုက်သည်။

ယခုလိုမျိုးပြောလိုက်ပြီးနောက်မှာ သူ့မျက်လုံးထဲက အပြုံးတစ်ခုက သဘာဝအတိုင်း ထွက်ပေါ်လာပြီး နွေဦးစမ်းချောင်းကဲ့သို့ ကြည်လင်နေပေသည်။

ချီချန်အန်းကသူ့ရဲ့ မျက်ခုံးမွှေးအဆုံးအထိ ကူးစက်နေတဲ့အပြုံးဖျော့ဖျော့ကို စွဲမက်စွာကြည့်လိုက်ရင်း အားအနည်းငယ်စိုက်ကာ အနမ်းကို နက်ရှိုင်းစေလိုက်သည်။ ရွှီလော့ယန်က အနမ်းအတွက် ပြင်ဆင်ချိန်မရှိလိုက်တဲ့အတွက် အသံတိုးတိုးလေးထုတ်လိုက်မိကာ သူ့ပါးစပ်ကို သဘာဝကျကျပုံစံဖြင့် ဖွင့်ဟလိုက်ပြီး ချီချန်အန်းရဲ့လျှာဖျားကို ဝင်ခွင့်ပြုလိုက်သည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now